Tuesday, August 27, 2013

~LOVE & RESPECT~


Tuesday, August 27, 2013



"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင်မိမိတို့အိမ်တွင်အစောင့်အဖြစ်နေသည့်ရဲဘော်များထဲမှတစ်ယောက်မဟုတ်တစ်ယောက်ကို ခေါ်သွားတတ်၏။

ရဲဘော်လေးများမှာဗိုလ်ချုပ်ကတော်ဖြစ်သော ဒေါ်ခင်ကြည်ကိုခင်မင်လေးစားကြသည်။ထို့ကြောင့် ဒေါ်ခင်ကြည် ဈေးသွားဖို့ခေါ်လျှင်ချက်ချင်း
ထလိုက်ကာ ဈေးမှအပြန်တွင်လည်း ဈေးခြင်းတောင်းအား ဂုဏ်ယူကျေနပ်စွာ သယ်ပေးသည်။


တစ်နေ့ ဒေါ်ခင်ကြည် ဈေးမှအပြန်တွင်အပြင်ထွက်မည့်ဆဲဆဲ ပြင်ဆင်ထားသည့်ဗိုလ်ချုပ်အောင်ဆန်းနှင့်မျက်နှာချင်းဆိုင် တွေ့သည်။ဗိုလ်ချုပ်
အောင်ဆန်းက ဒေါ်ခင်ကြည့်နောက်မှ ဈေးခြင်းတောင်းဆွဲပြီးလိုက်လာသောရဲဘော်လေးကိုမြင်သည်နှင့်စိတ်ဆိုးမာန်ဆိုး ဖြစ်သွား၏။

"ဒါဘာလုပ်တာလဲ၊ဒီရဲဘော်ကတိုင်းပြည်ကလစာပေးခန့်ထားတဲ့ရဲဘော်၊ငါတို့အိမ်ကအစေခံမဟုတ်ဘူး၊ နောက် အခုလိုမခိုင်းပါနဲ့ " လို့ဒေါ်ခင်ကြည်အား ဆူပါတော့သည်။

No comments: