၁၉၈၈ကိုရှစ်လေးလုံးအရေးအခင်းဟုပြောပြော၊အရေးတော်ပုံဟုဆိုဆို
အတိတ်မှာကျန်ခဲ့ပါပြီ။ ၈၈အကြောင်း မစားရ၀ခမန်း ပြောနေတာဟာ
သစ်ရွက်ကိုရေလောင်းနေ သလိုပါပဲ။ အထူးသဖြင့်ပြော ချင်တာက ၈၈မျိုးဆက်ဟောင်း တွေထဲက
လေနဲ့လုပ်စားနေသူတွေကိုပြောချင်ပါသည်။ ဘယ်လိုအဓိပ္ပာယ် နဲ့ ဘာတွေကြောင့်
ရှစ်လေးလုံးဆိုတာကို ပုံကြီးချဲ့နေရတာပါလဲ။ပြဿနာတစ်ခုဆိုတာ
ရှုထောင့်တစ်ဖက် ထဲကကြည့်လို့မရပါဘူး။ရှုထောင့်ပေါင်းစုံကကြည့်မြင်မှ သာ
တရားမျှတပါလိမ့်မည်။
ရိုးသားစွာဆန္ဒပြသူများ၊ထောင်သောင်းချီရှိခဲ့ပါသည်။မှန်ပါသည်။
လူအုပ်စုလိုက်ဝိုင်းဖွဲ့ရိုက်နှက် မသေမချင်း
လည်လှီးသတ်တာတွေ၊ ရဲစခန်းတွေမီးရှို့၊ ရဲတပ်ဖွဲ့ဝင်တွေကိုခေါင်းဖြတ် ၊ခေါင်းပြတ်ကြီးရဲ့ ပါးစပ်မှာစီးကရက်တိုတပ်တာ
တွေကောမရှိခဲ့ဖူးလား၊ စက်ရုံအလုပ်ရုံတွေ တက္ကသိုလ်တွေမီးရှို့ ဖျက်ဆီး ခဲ့တာတွေကောမရှိခဲ့ဘူးလား။
ရှိခဲ့ပါသည်။ ထိုသို့ရှိခဲ့တာချင်းအတူတူ ရှစ်လေးလုံးကို အရေးတော်ပုံလို့ အမည်တပ်သလို
၈၈ဆူပူမှုအရေးအခင်းလို့ ခေါ်နေသော သူများဘက်ကရောမှားနေလို့လား။
မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေသင်ခန်းစာယူကြရုံကလွှဲလို့
ထူးထူးခြားခြားကောင်းကျိုးတွေဖြစ်မ လာနိုင် ပါဘူး။သို့သော်ခက်နေသည်က
ဒီလိုပြောမှဒီလိုဆိုမှ လူထုခေါင်းဆောင်ဖြစ်မှာ လို့တွေးခေါ်ပြီးတော့ များ ၈၈အကြောင်း
ကို ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်နေသလား။စဉ်းစားကြည့်ပါသည်။ ၈၈ ဆိုတာ
အသက်(၃၀)ကျော်သူတိုင်းတွေ့ ကြုံခဲ့ကြပါသည်။ ဆိုးရွားလွန်းလှပါသည်။
ရန်ကုန်မြို့တွင်းမှာကိုတစ်လမ်းနှင့်တစ်လမ်း
သွားလာလို့မရ၊ပိတ်ဆို့တားဆီးမှုတွေ များနေပြီး လူစိမ်းဝင်လာရင်
ဝိုင်းရိုက်သတ်..ဒါတွေတကယ်ဖြစ်ခဲ့ပါသည်။ မည်သူကမှဦးဆောင်ထိန်းသိမ်းလို့ မရတော့မှ
တပ်မတော်က၀င်ထိန်းလို့
အခြေအနေမပျက်ခဲ့တာ သည်အမှန် တရားဖြစ်ခဲ့ပါသည် ။ပြောချင်သည်က
စစ်တပ်ကောင်းသည်ဟုပြောလိုခြင်းမဟုတ်
ပါ။အဖြစ်မှန်ကိုအဖြစ်မှန် အတိုင်းပြောခြင်း သာဖြစ်ပါသည်။
သို့သော်ယနေ့တွေ့မြင်ကြားသိနေရသည်များက
တပ်မတော်ကိုအပုတ်ချမှ၊ တပ်မတော်အကြောင်း မကောင်း များများပြောနိုင်မှ ပရိသတ်က လက်ခုပ်တီးမှာလို့ ထင်နေသူတွေရှိနေသည်။ အထူးသဖြင့်
၈၈ ကျောင်းသားခေါင်းဆောင် တွေထဲကအချို့ဖြစ်ပါသည်။
ကျောင်းပညာမှာဘွဲ့ရအောင်စာမသင်ခဲ့ရတော့ အတွေးအခေါ်ကလဲမမြင့်မား၊ရေရှည် တွေးခေါ်မြော်မြင်မှုကလဲနည်းပါး၊ပညာရေးမှာလမ်းဆုံးအောင်မလျှောက်ခဲ့လေတော့
လိုရာမရောက်ပဲဖြစ်နေပါသည်။
ငယ်ငယ်တုန်းကလူကြီး
တွေပြောနေတဲ့စကားပုံထဲက ဖိုးသင်းမျောက်ဖြစ်နေသည်။ လူများ များစု မိရင်ဖင်လန်ပြ
နေသည်။ လူနည်းနည်းဆိုရင်ကောင်းကောင်းမွန်မွန်ကခိုင်းလျှင်ကတတ်သည်။ အခုလဲ ၈၈မျိုးဆက်တွေထဲကမင်းကိုနိုင်
ဆိုသူသည်လည်း သည်အတိုင်းဖြစ်နေသည်။ လူများများစုမိလျှင်
ဖိုးသင်းမျောက်လိုဖင်လန်ပြလေ့ရှိနေသည်။လူတွေ ကသူ့ကိုလှောင်ပြောင် လက်ခုပ်တီးနေသည်ကို အဟုတ်ကြီး ထင်နေသည်။သူ့မှာစစ်သားတွေမကောင်းကြောင်း၊
စစ်တပ် မကောင်းကြောင်း ဒါတွေပဲပြော တတ်သည်။
စစ်တပ်ကြောင့်
ပြည်သူတွေကောင်းကျိုးတွေအများကြီးဖြစ်ခဲ့ပါသည်။ ၈၈တုန်း ကဖြစ်စဉ်နှစ်ခုေ လာက်ကိုပဲ
ပြောပြချင်ပါသည်။
ကုန်သွယ်ရေးရုံးမှာ အဖမ်းခံလိုက်ရသောဗိုလ်ကြီး ခင်မောင်ချိုနှင့် အဖွဲ့အကြောင်း၊
စစ်ရုံးချုပ်ရှေ့ တည့်တည့်မှာ မကြားဝံ့မနာသာ ကလော်ဆဲနေသောေ ဟာပြောပွဲအကြောင်း သိပြီးဖြစ်ပါလိမ့်မည်။ မသိသေးသော၂၅
နှစ်အောက် ကလေးငယ်များအတွက် သိအောင်ပြောပြချင်ပါသည်။ဗိုလ်ကြီးခင်မောင်ချိုတပ်စုတွင်သေနတ်မျိုးစုံပါသည်။
ပစ်လိုက်မည် ဆိုလျှင် လူပေါင်းတစ်သိန်းထက်မနည်းသေနိုင်ပါသည်။
စစ်တပ်သည်ဗရမ်းပတာမလုပ်ခဲ့ပါ။ထို့အတူစစ်ရုံး ချုပ်ရှေ့ တွင်အော်လန်ကြီးတပ်ပြီးအော်ဆဲနေသူများကိုလည်း
မပစ်ခဲ့ပါ ။အေးဆေးစွာသာ လူစုခွဲခဲ့ပါသည်။ ထိုအဖြစ် များ သည်ဖြစ်ရပ်မှန်များဖြစ်ပါသည်။
မလိုမုန်းထားစိတ်၊ရန်ငြိုးဖွဲ့သောလိုစိတ်ဖြင့်
စစ်တပ်မကောင်းကြော င်းပြောနေခြင်း သည် နိုင်ငံအတွက်အလွန် အန္တရာယ်များလွန်းလှပါသည်။ အနာဂတ်အတွက်
ကြိုတင် ရှုမြင်၍ ရေးနြေ ခင်းဖြစ်ပါသည်။ တပ်မတော်ဆိုသည်မှာ တစ်ဦးတစ်ယောက်ထဲ
ပိုင်ဆိုင်ခြင်း မဟုတ်ပါ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ပိုင်ဖြစ်ပါသည်။
ရှင်းလင်းစွာ ဆိုရလျှင် တပ်မတော်ကို
ပိုင်ဆိုင်သူမှာ အသစ် အသစ်သောမျိုးဆက်သစ်များသာဖြစ်ပါသည်။ မျိုးဆက်သစ်တို့စိတ်တွင်
ဘုမသိဘမသိနှင့် အာပေါင် အာရင်း သန်သန်ပြောသူတို့ကြောင့် တပ်မတော်အပေါ်မကောင်းမြင်ခဲ့သော်
မြန်မာနိုင်ငံ၏ အနာဂတ် မည်သို့ရှိလိမ့်မည်ကိုတွေးတောစဉ်းစားကြည့်သင့်ပါသည်။
လူသားများနေထိုင်သောဤကမ္ဘာတွင်
မည်သူမျှခြောက်ပြစ်ကင်းသဲလည်းစင်မဟုတ်ကြပါ။ လူတိုင်းမှားတတ် ကြပါသည်။ ၈၈မျိုးဆက်ဟောင်း
မင်းကိုနိုင်တို့၏ ဟောပြောမှုအမှားများကား အမှားကြီး များ ဖြစ်ပါသည်။ သည်လို
ဟောပြောမှုတွေကြောင့် ကောင်းကျိုးဖြစ်မလာနိုင်ပါ။ မင်းကိုနိုင်ကိုမေး ချင်ပါသည်..။ ၈၈အရေးတော်ပုံတုန်းက
အဲဒီတုန်းက အစိုးရက ပြည်သူတွေအပေါ် လိုက်လျောမှု မပြုခဲ့ဘူးလား၊ ပြုခဲ့သလားမေးချင်ပါသည်။
ဖြေပြပါမည်။ သမ္မတဦးစိန်လွင် ကိုဖြုတ်ချဖို့ေ တာင်း ဆို၍ ဖြုတ်ပေးခဲ့ပါသည်။ ဒေါက်တာမောင်မောင်
သမ္မတ ဖြစ်လာပါသည်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းေ ပးပါတောင်းဆို၍ရုပ်သိမ်းပေးခဲ့ပါသည်။
ဒီမိုကရေစီတောင်းဆိုလို့ ဒီမိုကရေစီလုပ်ပေးပါမည်။
ရွေးကောက်ပွဲ ကျင်းပပေးပါမည်။ လက်ရှိအစိုးရတစ်ဖွဲ့လုံး နှုတ်ထွက်ပါမည်လို့ သမ္မတဒေါက်တာမောင်မောင်ကိုယ်တိုင်
ကတိပေးပြီး အခြေ အနေငြိမ်သက်အောင် ထိန်းခဲ့ပေမယ့် မည်သို့မျှထိန်းသိမ်းမရခဲ့တာသည် သမိုင်းကြောင်းအမှန်ဖြစ်ပါသည်။
လိုက်လျောမှုတွေမည်သို့ပေးပေး ဆန္ဒပြမှုတွေ ဆူပူမှုတွေထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့တာ
မင်းကိုနိုင် တစ်ယောက်အသိဖြစ်ပါသည်။ထိုသို့သိပါလျက်တပ်မတော်အပေါ်
ရန်ညှိုးဖွဲ့တိုက်ခိုက်လိုစိတ်ဖြင့် အဖြစ်မှန် ကိုပြောင်းပြန်လှန်၊
အခြေအနေတွေရှုပ်ထွေးအောင်တပ်မတော်ကပဲဖန်တီးခဲ့ သယောင်ယောင်ပြောဆိုနေ သည်မှာ
တဖက်သတ်ဆန်လွန်းပါသည်။
အဖြစ်မှန်တွေ၊အခြေအနေမှန်တွေကိုကိုယ်တွေ့ကြုံရသူတွေအတွက်
၈၈မျိုးဆက် မင်းကိုနိုင် ပြောနေသမျှ သည် ဖိုးသင်းမျောက်ကဲ့သို့ဖြစ်နေပါသည်။
မင်းကိုနိုင်ဆိုသူကို သနားမိသည်။ ဘွဲ့ကလည်းမရသေး၊ အလုပ်အကိုင်
ကလဲမယ်မယ်ရရ မပြနိုင်သေး၊ ခေတ်တွေ စနစ်တြွေေ ပာင်းနေပြီး ပြောချင်တာပြောလို့ရတဲ့ခေတ်မို့
ပြောချင်ရင်လဲ အခြား အကြောင်းပြောသင့် ပါသည်။ ခုတော့ တစ်ခါလာလည်းမဲပြာပုဆိုးဖြစ်နေသည်။စိတ်ထဲမှာတော့တကယ့်ကိုသနားမိ
ပါသည်။ လမ်းဆုံးအောင် မလျှောက်တော့လိုရာမရောက်ပဲဖြစ်နေပါသည်။ တကယ်ဆိုဘွဲ့ရအောင်ကျောင်းတက်၊
ပညာ သင်၊ အလုပ်အကိုင်လုပ်၊ သို့မှသာလူအကြောင်းသူအကြောင်း၊ လူမှုဆက်ဆံရေးအကြောင်းများ သိနားလည် ပါမည်။
ခုတော့ ထိုသို့ မဟုတ်ပါ။
စားဝတ်နေရေးပြေလည်ဖို့အတွက်
တပ်မတော်မကောင်းကြောင်း ပြောနေရပါသည်၊ သည် လိုပြောမှ ပိုက်ဆံရ နေပါသည်ဆိုလျှင်လည်း
မင်းကိုနိုင်တစ်သက် စားမကုန်နိုင်အောင်ပြည် တွင်းရှိ သူဋ္ဌေးများထံကနေ အလှူခံပေးပါမည်။ သည်ငွေများနှင့် အေးအေးဆေးဆေးထိုင်စားနေစေချင်သည်။
ပါတီထောင်ရင်လည်းဝင်မည့်သူရှိမည်မဟုတ်။ ဘွဲ့မရ ဘဲနှင့် လွှတ်တော်အမတ်လုပ်မယ်ဆိုရင်လည်း
သူများတွေက အထင်သေးနေပေမည်။ ကျောင်းသားကျောင်းသား ဆိုပြီး ဂုဏ်ယူနေရအောင်လည်း
တပ်မတော်သားတိုင်း၊ နိုင်ငံ့ခေါင်းဆောင်တိုင်းက ကျောင်းသားဘ၀ကို ခုန်ကျော် လာခဲ့သူများ မဟုတ်။
ကျောင်းသားဘ၀ကို ဘွဲ့ရအောင်ဖြတ်ကျော်လာခဲ့သူများသာဖြစ်ပါသည်။ လမ်းဆုံးအောင်
မလျှောက်နိုင်သူများလိုရာမရောက် ဖြစ်နေတတ်သည့်ပမာ.. ဘွဲ့မရသေးသော မင်းကိုနိုင် တစ်ယောက်
ပြောသမျှ စကားတို့သည်လည်း အပြစ်တင်သောစကား၊အပြစ်မြင်သောစကားတို့မှလွှဲ၍
အခြား ဘာမှဖြစ်မလာနိုင်တော့ပါ။ ။
မိုးဦးဇွန်
No comments:
Post a Comment