Tuesday, August 13, 2013
ဆင်ခြင်တုံတရားမဲ့ စကားများနဲ့ မင်းကိုနိုင်
Tuesday, 13 August 2013
“စကား စကား ပြောပါများ.. စကားထဲက ဇာတိပြ” ဆိုတဲ့ မြန်မာစကားပုံတစ်ခု ရှိပါတယ်။ လူတွေ ဟာ အမူအယာနဲ့ ဘယ်လောက်ပဲ ဖုံးကွယ်ဟန်ဆောင်ထားပါစေ စကားများများပြောလိုက်ရင် သူတို့ရဲ့ မူလဇာတိတွေကတော့ ပေါ်လာတာပါပဲ။ ဒီကနေ့ ကျောင်းသားခေါင်းဆောင် လို့ လူအချို့ သတ်မှတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စကားတွေကလည်း တဖြည်းဖြည်းနဲ့ ဆင်ခြင်တုံတရားမဲ့ လာတာတွေကို သတိထားမိလာပါတယ်။
နည်းနည်းချင်း သတိပြုမိခဲ့တာတော့ ကြာပါပြီ။
အရင်တုန်းက ပြောစကားတွေက ခံစားချက်တွေကို ဦးစားပေးပြောလာပေမယ့် တဖြည်းဖြည်းနဲ့ လူဗြိန်းကြိုက်စကားလုံးတွေနဲ့ စည်းရုံးလာသလိုဖြစ်နေပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်းကို ပင် ဗိုလ်ချုပ်ဟု ခေါ်စရာမလို ဦးအောင်ဆန်းဟုသာ ခေါ်ရမည်ဟု ဆိုလာပြန်ပါတယ်။ စစ်တပ်မရှိပဲ ရပ်တည်နိုင်ကြောင်း ပြောလာပြန်ပါတယ်။ အမေရိကန်၊ ဥရောပ တခွင် ခြေဆန့်နေပြီး ကမ္ဘာလှည့်နေသူ တစ်ဦးအနေနဲ့ ဤမျှ ဗဟု သုတ မခေါင်းပါး သင့်ပါ။ ဤကဲ့သို့သော ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စကားမျိုးတွေ မပြောသင့်ပါ။ စစ်တပ်ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သလို စစ်တပ်ကြောင့်ပဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ရခဲ့တာပါ။ ကမ္ဘာမှာ စစ်တပ်မရှိတဲ့ နိုင်ငံတွေ ရှိသလို စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေလည်း အများအပြားရှိပါတယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသားလက်နက်ကိုင် အများအပြား ရှိတဲ့ နိုင်ငံကို စစ်တပ်မရှိလို့ ဘာမှမဖြစ်ဘူးလို့ ပြောတဲ့ ကိုမင်းကိုနိုင်ကို စိတ်ပျက်မိပါတယ်။
စစ်တပ်မရှိရင် မြန်မာရေပိုင်နက်ထဲ တခြား သင်္ဘောတွေ ဝင်နေချိန် ၈၈ ကျောင်းသားတွေ ဘာလုပ်ပေးနိုင်မှာလဲ? မြန်မာ့လေပိုင်နက်ထဲ တခြားလေယာဉ်တွေ ပျံနေရင် ကိုမင်းကိုနိုင်တို့ ဘယ်လို ထိန်းချုပ်နိုင်မှာလဲ? စကားကို ပြောတိုင်းလည်း မကောင်းတာကို အသက် ၅၁ နှစ်အရွယ်ရောက်တဲ့ ကိုမင်းကိုနိုင် အနေနဲ့ သတိထားသင့်တယ်လို့ထင်ပါတယ်။ အထူးသဖြင့် ကိုမင်းကိုနိုင် ခဏခဏ ပြောတဲ့ သမိုင်းဆိုတာ မေ့လို့မရဘူးဆိုပြီး ရဲဘော် သုံးကျိပ်ရဲ့ သမိုင်းတွေ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွေနဲ့ လက်အောက် ရန်ကုန် အစိုးရ ဟု ပြောရလောက်အောင် တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်နေခဲ့တဲ့ သမိုင်းတွေကိုလည်း မေ့မပစ်ဖို့လိုပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင်ဆန်း ကို ရှေ့က ဂုဏ်ဒြပ်တွေ ဖျောက်ပြီး ဦးအောင်ဆန်း လို့ ခေါ်တာက သမိုင်းကို ဖျက်ဖို့ ကြိုးစားတာဖြစ်သလို ၊ အမျိုးသား ခေါင်းဆောင်တစ်ဦးကို စော်ကားတာနဲ့ အတူတူပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာအများစုက ဗိုလ်ချုပ်အောင်ဆန်းလို့တောင် ခေါ်လေ့မရှိပါဘူး။ ဗိုလ်ချုပ်လို့ပဲ ချစ်စနိုးနဲ့ ခေါ်ကြတာ လူတိုင်းသိပါတယ်။ တစ်စုံတစ်ယောက်က ဗိုလ်ချုပ်အကြောင်း မေးတယ်ဆိုတာနဲ့ ဘယ်ဗိုလ်ချုပ်လဲလို့ ပြန်မေးဖို့မလိုပဲ ဗိုလ်ချုပ်အောင်ဆန်းကို မေးတယ်ဆိုတာ တန်းသိပါတယ်။ ပြည်သူတစ်ရပ်လုံး နှုတ်ကျိုးနေတဲ့ ဗိုလ်ချုပ် ကိုတောင် ဦးအောင်ဆန်း လို့ ပြည်သူ့ပြောင်းပြန် လုပ်ခြင်းဟာ အင်မတန် မိုက်မဲလွန်းပြီး ပညာမဲ့တဲ့ လုပ်ရပ်လို့ထင်ပါတယ်။
သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံး ငွေရတုလုပ်လိုက်တာ သိန်း တစ်ထောင်ကျော် ရတယ်လို့ သိရပါတယ်။ ဒီငွေတွေကို ဘယ်လိုသုံးလဲဆိုတာ ပွင့်လင်းမြင်သာစွာ ပြောဆိုချပြတာ မရှိပါဘူး။ အဲဒီပွဲလုပ်တုန်းက သြဂုတ်လ ၈ ရက်နေ့ တစ်နေ့တည်းမှာကို လူ ၂ သောင်းကျော်တက်ပြီး ဒံပေါက်ကျွေးတယ်လို့ သိရပါတယ်။ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေက ရန်ကုန်မြို့မှာ ဒီလောက် ကြီးကျယ်တဲ့ အခမ်းအနား၊ ဒီလောက် ငွေကုန်ကြေးကျများတဲ့ ပွဲကြီးလုပ်နေချိန်မှာပဲ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် မှာ မိုးများပြီးရေကြီးလို့ မွန်နဲ့ ကရင်တိုင်းရင်းသားတွေ သောက်စရာ ရေ တောင်မရှိဖြစ်နေခဲ့တာ လည်း အားလုံးအသိပါ။
ဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကတောင် ငွေ ၂၅ သိန်း လှူဒါန်းခဲ့ပေမယ့် ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေက လုံးဝမလှူပဲ အခမ်းအနားကြီးခြိမ့်ခြိမ့်သဲ ကျင်းပဖို့ကိုပဲ အာရုံစိုက်နေခဲ့ကြတာပါ။ အလှူငွေတွေ သိန်းထောင်ချီရပေမယ့် ဒီကနေ့ထိ လှူတာ တန်းတာ မတွေ့ရသေးပါဘူး။
ဒီကနေ့ ကိုမင်းကိုနိုင် လုပ်ခဲ့သမျှ နဲ့ ကိုမင်းကိုနိုင် ပြောခဲ့သမျှတွေက နောင်တစ်ချိန်မှာ သမိုင်း တစ်ခုအနေနဲ့ ကျန်ခဲ့မှာပါပဲ။ လွန်ခဲ့တဲ့ ၂၅ နှစ်က သမိုင်းကို ကိုမင်းကိုနိုင် ခုချိန် ပြန်ပြောနိုင်ပေမယ့် လွန်ခဲ့တဲ့ ၁ နှစ် က သမိုင်းကိုတော့ ကိုမင်းကိုနိုင် ဘယ်လို ကုန်ဆုံးခဲ့လဲ၊ ဘာတွေ ပြောခဲ့လဲ ဆိုတာ နောင်တချိန် လူတွေက ပြောနေကြမှာပါ။ ဒီကနေ့ ခိုင်မာတဲ့ အလုပ်တိတိကျကျ မရှိပဲ ကားစီးနေတာ၊ တိုက်ထဲမှာ နေနေတာတွေကလည်း နောင်တချိန် သမိုင်းတစ်ခု ဖြစ်နေမှာပါ။
မွတ်ဆလင်တွေဆီက စပွန်စာယူပြီး အမေရိကန် နဲ့ ဥရောပ သွားခဲ့တာတွေကလည်း တနေ့ကျ စာလုံးမဲကြီးတွေနဲ့ နောက်လူတွေ ဖတ်ကြပါလိမ့်မယ်။ ကိုမင်းကိုနိုင် ကိုယ်တိုင် ပြောခဲ့တဲ့ “ကျနော်တို့ ခွပ်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ လူမျိုးဘာသာ မခွဲခြားပါဘူး၊ အခု အစ္စလမ်ဘာသာဝင်တွေကို နေရာပေးထားတာ သက်သေပါ” ဆိုတဲ့ စကားကို နောင်တချိန်မှာ ဗုဒ္ဓဘာသာဝင်များက စိတ်ပျက်စွာ ပြောဆိုနေကြပါလိမ့်မယ်။
မိထ္တီလာအရေးအခင်း ကာလ စဖြစ်ချိန်တွင် လည်း ကိုမင်းကိုနိုင် အရင်ဆုံး ရောက်ရှိသွားခဲ့ပြီး မြို့ထဲသို့လှည့်အော်ခဲ့ရာ ၎င်း ကို အယုံအကြည်မရှိသော မြို့ခံများကြောင့် အရေးအခင်းပိုမိုကြီးထွားလာပြီး မင်းကိုနိုင်လည်း တပ်ခေါက်ပြန်ခဲ့ရတာပါ။ သို့သော် အမြဲလိုလို ဝင်ပါလေ့ရှိသော မင်းကိုနိင်သည် မတ္ထီလာ ပဋိပက္ခတွင် ရက်ရက်စက်စက်သတ်ဖြတ်ခံရသည့် ဦးသောဘိတ အတွက် ဝမ်းနည်းကြောင်း တစုံတရာ ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ ထိုအချိန်မှစပြီး မတ္ထီလာမြို့ခံများက မင်းကိုနိုင် နောက်တစ်ကြိမ်လာပါက သတ်ပစ် မယ်လို့တောင် ကြေညာခဲ့ပါသေးတယ်။
ရခိုင်ပဋိပက္ခအတွင်းကလည်း ကိုမင်းကိုနိုင်မှ ဘာသာရေး ခေါင်းဆောင်တွေ ရခိုင်အရေးအခင်းမှာ ၀င်ရပ်ဖို့ ထိန်းသိမ်းပေးဖို့ ပန်ကြား ခဲ့ပေမယ့် ဘင်္ဂါလီများက ရခိုင်လူမျိုးတွေရဲ့ အိမ်များ၊ ဆိုင်များ ကို မီးရှို့ဖျက်ဆီး အသတ်ခံရတဲ့ အခြေအနေတွေ၊ ရခိုင်ရပ်ကွက်များ မီးရှို့ခံရမှု၊ မသီတာထွေး နဲ့ ကျောင်းဆရာများ အသတ်ခံရမှုအတွက် တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်းမရှိပဲ နှုတ်ဆိတ်နေတာကြောင့် ရခိုင်တိုင်းရင်းသားများကလည်း တင်းမာလျှက်ရှိပါတယ်။ အဲဒီအချိန်ကစပြီး အပြောအဆို မတတ်တဲ့ ကိုမင်းကိုနိုင်လည်းရခိုင်ဘက်ကိုလုံးဝမသွားရဲတော့တာအားလုံးအသိပဲဖြစ်ပါတယ်။ဒီနှစ် မေလထဲကလည်း ပွင့်လင်း လူ့ အဖွဲ့အစည်း ဟုဆိုကာ ရှမ်းပြည်နယ်သို့ ထွက်ခွာခဲ့ရာ ဟိုပန်မြို့က ဒေသခံတွေက လမ်းပိတ်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြလို့ လမ်းကနေ လှည့်ပြန်ခဲ့ရပါသေးတယ်။
ဒီမိုကရေစီ အစိုးရလက်ထက် သမ္မတကြီးဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မင်းကိုနိုင်လွတ်မြောက်လာခဲ့ပြီး လွတ်မြောက်လာလာခြင်း မီဒီယာများက မေးမြန်းချိန်မှာ ပါတီမထောင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြန်ပါတယ်။ ဒါပေမယ့် လက်ပံတောင်းတောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင်ဥက္ကဌ ခန့်အပ်ပြီး ကိုမင်းကိုနိုင်ကို အဖွဲ့ဝင်ခန့်ချိန်မှာတော့ မလုပ်နိုင်ကြောင်း ငြင်းဆိုခဲ့ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံမည် ပြောပြီး စကားရှေ့နောက်မညီတာကြောင့် အဲဒီတုန်းကလည်း လူထုက ကိုမင်းကိုနိုင်ကို ရှုံ့ချခဲ့ကြပါသေးသည်။
ဒါ့အပြင် ကိုမင်းကိုနိုင်ဟာ ကိုယ်တိုင် ဘွဲ့မရသေးပဲ စာပေဟောပြောပွဲတွေမှာ အဆီအနှစ်မပါတဲ့ စကားတွေနဲ့ လူဗြိန်းကြိုက် ပြောဆိုတာတွေ လုပ်ပြန်ပါတယ်။ အခါအားလျှော်စွာ စစ်တပ်မကောင်းကြောင်း စောင်းမြောင်းပြောခဲ့သည့် ကိုမင်းကိုနိုင်သည် နော်ဝေခရီးစဉ်သွားချိန်မှာ အင်္ဂလိပ်စကားနဲ့ စင်ပေါ် တက်ပြောချိန်မှာ စာတစ်လုံးချင်း ဖတ်နေတဲ့အပြင် အသံထွက်တွေလည်း မမှန်တာကြောင့် ဆရာကာပြန် လို့ အာခေါင်လှံစူးတာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြန်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ အမြဲလိုလို တရားလက်လွတ် စကားတွေကြောင့် ပြည်သူများသာ မက ဆရာတော် အချို့ကပါ သတိပေးစာများ ထွက်ပေါ်ခဲ့ပြီး အခုလို ကိုမင်းကိုနိုင်ရဲ့ မဆင်မခြင်ပြောဆိုတာတွေအတွက့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် အဖွဲ့ဝင် ကျောင်းသားအချို့ကပါ သတိပေးနေပြီလို့ ကြားရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဘယ်လိုပဲ ပြောခဲ့ပြောခဲ့ အခု ငွေရတု က စပြီး ကိုမင်းကိုနိုင်အနေနဲ့ နောက်နောင်မှာ ဘာစကားပဲပြောပြော တက်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်း ဆင်ဆင်ခြင်ခြင်နဲ့ စဉ်းစားချင့်ချိန်ပြောဆိုနိုင်မယ်ဆိုရင် လူထုက ကိုမင်းကိုနိုင်ရဲ့ စကားတွေကို အလေးအနက်ထား တန်ဖိုးထာလာမှာပါ။ ဒါပေမယ့် အရင်လို ကရားရေလွှတ် ပြောနေမယ်ဆိုရင်တော့ နောင်တချိန်မှာ အနာဂတ်မျိုးဆက်သစ်များရဲ့ လှောင်ရယ်ခြင်းကို ခံရမယ့် အမဲစက်အဖြစ် ကျန်ခဲ့မှာ သေချာပါတယ်။
မောင်မင်းကြီးသား (ခေတ္တမလေးရှား)
Subscribe to:
Post Comments (Atom)


No comments:
Post a Comment