Monday, August 19, 2013

ညောင်ဦးတွင် ပြင်သစ်အမျိုးသမီးအား ရိုက်နှက်လုယက်သွားသူကို ရဲတပ်ဖွဲ့က နှစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့


Monday, August 19, 2013

ညောင်ဦးမြို့၊ အမှတ် ၇ နယ် မြေ၀က်ကြီးအင်းရပ်၊ ဆူးလေကုန်း ဘုရားအနီး သြဂုတ် ၃ ရက် ညနေပိုင်းက ပြင်သစ်ခရီးသွားဧည့်သည် အမျိုးသမီးတစ်ဦးကို တုတ်ဖြင့်ရိုက်နှက်ကာ ပိုက်ဆံအိတ် လုယူပြေးသူကို ရဲတပ်ဖွဲ့က သြဂုတ် ၁၆ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြင်သစ်အမျိုးသမီး မစ္စအမ်မလီ ဆိုသူအား တုတ်ဖြင့်ရိုက်ကာ ငွေလုယူ ထွက်ပြေးသွားသူမှာ အသက် ၂၀ အရွယ် ရဲမင်းစိုး (ခ) မျိုးမင်းဦး ဆိုသူဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား
(မြောက်ရွာ)တွင် လက်ရှိ နေထိုင်သူ တစ်ဦးဖြစ်ပြီး ညောင်ဦးမြို့ တစ်ဖက်ကမ်း ပခုက္ကူကျွန်းရွာ ဇာတိဖြစ်ကြောင်း သိရသည်။


အဆိုပါအမှု ပေါ်ပေါက်ရေးနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှု/ကူအဖွဲ့၊ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့၊ ညောင်ဦးခရိုင် အထူးမှုခင်းနှိမ်နှင်းရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ခရိုင်အထူးမှုခင်းနှိမ်နှင်းရေးအဖွဲ့နှင့်ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲလှည့်ကင်း အဖွဲ့တို့သည် မသင်္ကာသူ လူငယ်အား စတင်တွေ့ရှိ စစ်ဆေးမေးမြန်းရာမှဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မသင်္ကာလူငယ်သည် သြဂုတ် ၁၆ ရက်တွင် ပြင်သစ်သူအား တုတ်ဖြင့်ရိုက်ကာ ပိုက်ဆံအိတ် လုယူခဲ့ ကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး ၎င်းကျူးလွန်ခဲ့ပုံနှင့် ထွက်ပြေးခဲ့ရာ လမ်းကြောင်းတွင် ငွေဖြည့်ကတ်ကဲ့သို့ ကတ်ပြားတစ်ခုအား လွှင့်ပစ်ခဲ့သည်ဟု ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့မှ သက်သေများဖြင့် သွားရောက်
ရှာဖွေ သိမ်းဆည်းရာ ကတ်မှာ ပြင်သစ်အမျိုးသမီး Miss Amilie Schaitt အမည်ပါ Cridit Card ဖြစ်နေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖော်ထုတ်ချက်များအရ ညောင်ဦးဈေးအတွင်း လဲလှယ်ခဲ့သောဒေါ်လာငွေတချို့ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ ယခုဖော်ထုတ် ဖမ်းဆီးရမိထားသူအား ယခင်ဖြစ်ပွားခဲ့သော အမှုများနှင့် ဆက်စပ်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်
 ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

eleven media group

No comments: