Monday, August 19, 2013

စတန်းဖို့ဒ်ဘရစ်ခ်ျ၊ မော်ရင်ဟိုနဲ့ အပြာရောင်အောင်ပွဲ

Monday, August 19, 2013

အော်စကာ၊ ဟာဇတ်၊ တောရက်စ်တို့နဲ့ ပွဲထွက်လာတဲ့ မော်ရင်ဟိုရဲ့ ချဲလ်ဆီးဟာ ပွဲအစပိုင်းမှာတင် ဂိုးသွင်း ခွင့် တော်တော်ရခဲ့ပြီး၃မိနစ်မှာပဲ ဒီဘရူနီရဲ့ ကိုက် ၂၀ကန်ချက်နဲ့ ခြိမ်းခြောက်နိုင်ခဲ့ ပါတယ်။ ချဲလ်ဆီးရဲ့ တိုက်စစ်အားပြုဟန်ကြောင့် ဟူးလ်စီးတီးဟာ ခံစစ်သက်သက် ရှိခဲ့ပြီး ပွဲချိန် ၅မိနစ်အရောက်မှာ တောရက်စ် ကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီရခဲ့ပြီး လမ်းပတ် ကန်သွင်းခဲ့ရာမှာ ဟူးလ်စီးတီး ဂိုးသမား မက်ဂရီဂို ပုတ်ထုတ် နိုင်ခဲ့ပါတယ်။

လမ်းပတ်ဟာ နောက်ဆုံးကန်ခဲ့တဲ့ ပင်နယ်တီ ၃လုံးမှာ ၂လုံးမ၀င်ခဲ့တာကြောင့် ဖိအားဝင်ခဲ့ပေမယ့် ခြေ စွမ်းတော့ ပြနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၃မိနစ်မှာတော့ ဘယ်တောင်ပံက ဟာဇတ် ပေးပို့တာကို ဒီဘရူနီ ဖြတ်တင်ဘော ကန်တင်ပေးခဲ့ပြီး အော်စကာ အနီးကပ် ပိတ်သွင်းခဲ့တာကြောင့် ချဲလ်ဆီးတို့ အဖွင့်ဂိုး ရခဲ့တာပါ။ ဒါ့အပြင် နောက် ၂မိနစ်အကြာမှာ ချဲလ်ဆီးအတွက် ဒုတိယ ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် လမ်းပတ်ရဲ့ အဝေးကန်ချက်ကို မက်ဂရီဂို ပုတ်ထုတ်သွားနိုင်ခဲ့ပြန်ပါတယ်။

ဒါပေမဲ့ လမ်းပတ်ဟာ ပွဲချိန် ၂၄မိနစ်မှာ ချဲလ်ဆီးအတွက် ဂိုးသွင်းပေးနိုင်ခဲ့ပြီး ၃၅ကိုက် အကွာကရတဲ့ ပြစ်ဒဏ်ဘောကန်ချက်ကိုတိုက်ရိုက်ကန်သွင်းခဲ့တာပါ။ ဒါ့အပြင် ချဲလ်ဆီးဟာ ပထမပိုင်း နာကျင်အချိန်ပိုမှာ တတိယဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့် အီဗန်နိုဗစ်ရဲ့ ခေါင်းတိုက်ချက်ကို မက်ဂရီဂို အကောင်းဆုံး ကာကွယ်သွား နိုင်ခဲ့ပြန်ပါတယ်။ ဟူးလ်စီးတီး ဂိုးသမား မက်ဂရီဂိုသာ လက်စွမ်းမပြနိုင်ခဲ့ရင် ချဲလ်ဆီးတို့ ဒီထက်ပို ဂိုးပြတ် နိုင်ပြီး ပွဲချိန် ၇၆မိနစ်မှာ လူကာကူရဲ့ ကန်ချက် လွဲချော်ခဲ့လို့လည်း ချဲလ်ဆီး ဂိုးထပ်မရခဲ့တာပါ။

YoYarLay

No comments: