Tuesday, August 20, 2013

ဗုဒ္ဓဘာသာကိုခုတုံးလုပ် အမြတ်ထုတ်သွားနိုင်တဲ့ ကင်တားနား


Tuesday, August 20, 2013
ကုလသမဂ္ဂကစေလွှတ်လိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနား ဟာ ချင်းပြည်နယ်ကို တတိယခရီးစဉ်အဖြစ် ရောက်ရှိလာပါတယ်။ သူဟာ ချင်းပြည်နယ် ခရီးစဉ်အဖြစ် မင်းတပ် မြို့နဲ့ ကန်ပက်လက်မြို့တွေကို လာရောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ပထမဆုံးခရီးစဉ်ဖြစ်တဲ့ ရခိုင် ပြည်နယ်၊ စစ်တွေမှာ ဘာတွေလုပ်ခဲ့တယ်။ ဒုတိယခရီးစဉ်ဖြစ်တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားကိုရောက်ပြီး လိုင်ဇာ ကို သွားခွင့်မရလို့ ပြန်လာခဲ့တာတွေကိုဆက်စပ်ပြီး ဒီခရီးစဉ်မှာလဲ ကင်တားနားက ဘယ်လိုအမြတ်ထုတ်ဦးမလဲ ဆိုတာ စဉ်းစားသင့်တဲ့အရေးပါတဲ့ ကိစ္စပဲဖြစ်ပါတယ်။


မင်းတပ်မြို့မှာ ချင်းပြည်နယ်အစိုးရအဖွဲ့က စည်ပင်ဝန်ကြီး ဦးနေနိုင်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင် တို့နဲ့ တွေ့ရှိဖို့ရှိသလို ဘာသာရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဦးမယ်ဆိုတဲ့သတင်းလဲ ကြားနေရပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ကတော့ လွန်ခဲ့တဲ့နှစ်တွေက ချင်းပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူအများစုကိုးကွယ်တဲ့ ဘာသာဖြစ်တဲ့ ခရစ်ယာန်ဘာသာအပေါ်မှာ ခွဲခြားဖိနှိပ်မှုတွေရှိတယ်ဆိုပြီး “ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း” ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ဖူးတယ်။ အဲဒီအစီရင်ခံစာထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ် တည်ဆောက် ထားတဲ့ ခရစ်ယာန်လက်ဝါးကပ်တိုင်တွေကို ဖြိုချတာနဲ့ အစိုးရက ခရစ်ယာန်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာထဲ အတင်း သွပ်သွင်းတာတွေကို ဖော်ပြထားပြီး ကင်တားနားဆီကို တင်ပြမယ်လို့ သိရပါတယ်။

အခြားတစ်ဖက်မှာတော့ မင်းတပ်မြို့က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ချိုချင်းအမျိုးသားလူငယ်အဖွဲ့ကလည်းသူတို့ဗုဒ္ဓဘာသာတွေဖိနှိပ်ခံရကြောင်းနဲ့ တစ်ခြားလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကင်တားနားထံ တင်ပြဖို့ရှိ တယ်လို့ အဖွဲ့ဥက္ကဌ ဦးရှယ်အောင်ကပြောတဲ့အကြောင်းလဲ သိရပါတယ်။

အဲဒီအတိုင်း မတူညီတဲ့ဘာသာနှစ်မျိုးက အဖွဲ့အစည်းနှစ်ခုရဲ့ တင်ပြချက်ကို ကင်တားနား ပြုံးပြုံးကြီးနားထောင်ပေးနေမှာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်အမြတ်ထုတ်စရာအခွင့်အရေးကောင်းဖြစ် နေလို့ပါပဲ။ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ချင်းပြည်နယ်ထဲမှာအတူတူနေထိုင်လာကြတဲ့ချင်းတိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။လွတ်လပ်စွာကိုးကွယ်ခွင့်ရနေတဲ့ကိုယ့်ဘာသာကိုကင်တားနားဆီမှာ တောင်းဆို လိုက်ခြင်းဟာ မျက်နှာမရ ခြေထောက်ရမယ့် အဖြစ်မျိုးကို ကြုံတွေ့နိုင်ပါတယ်။

အကြောင်းအရာကို သေချာလေးနက်စွာစဉ်းစားဖို့လိုပါတယ်။ ကင်တားနားဟာ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်ဆိုပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ဘာဆောင်ရွက်မှုတွေ လုပ်ပေးခဲ့ဖူးသလဲ။ ပြန် သုံးသပ်ကြည့်ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ရခိုင်နဲ့ ဘင်္ဂါလီအရေးကိစ္စမှာ ကင်တားနား ဘယ်သူတွေ အတွက်ပြောပေးခဲ့သလဲ။ ကုလသမဂ္ဂကိုတင်ပြတဲ့ အစီရင်ခံစာမှာတောင် ဘင်္ဂါလီတွေအတွက်ပဲ တင်ပြခဲ့တာဖြစ်ပြီး မြန်မာတိုင်းရင်းသားရခိုင်လူမျိုးတွေကိုကျတော့ အပြစ်ပုံချခဲ့တာ တစ်နိုင်ငံလုံးအသိပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်လာတဲ့ ရခိုင်ခရီးစဉ်မှာလဲ ကင်တားနားက စစ်တွေအကျဉ်းထောင်ကိုသွားပြီးဘင်္ဂါလီအကျဉ်းသားတွေနဲ့သာ တွေ့ဆုံခဲ့ပြီး ရခိုင်အကျဉ်းသားတွေကိုကျတော့ မေးတောင်မေးမကြည့်ခဲ့ပါဘူး။ ကချင် ပြည်နယ်ခရီးစဉ်မှာလဲ ဒေသခံကချင်လူမျိုးတွေရဲ့လူ့အခွင့်အရေးတွေအတွက် ဘာအာမခံချက်ပေးခဲ့ပါသလဲ။ သူ့ ဆွေတော်မျိုးတော်တွေရှိတဲ့ မူဆလင်ညီအစ်ကိုများအဖွဲ့ကို တွေ့ဖို့အကြံနဲ့လိုင်ဇာကိုသွားခွင့် တောင်းခဲ့ပါ သေးတယ်။ သေချာစဉ်းစားကြည့်ရင် ကင်တားနားဟာ မြန်မာနိုင်ငံထဲက ရခိုင်နဲ့ကချင်တိုင်းရင်းသားတွေရဲ့အရေးကိုသူ့အမျိုးဘင်္ဂါလီမူဆလင်တွေလောက် စိတ်မ၀င်စားဘူးဆိုတာ ပေါ်လွင်နေပြီပဲဖြစ်ပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေက အဲဒီလိုလူမျိုးဆီကို ကိုယ်ကိုးကွယ်တဲ့ ခရစ်ယာန်နဲ့ဗုဒ္ဓဘာသာတွေအကြောင်း သွားတင်ပြရင် နွားပလာတာကျွေး၊ ကျွဲ ပက်စီတိုက်သလိုပဲ ဖြစ်နေမှာပေါ့။ သူက ခရစ်ယာန်ဘာသာအကြောင်း၊ ဘယ်လောက်သိသလဲ။ ပြီးတော့ ဗုဒ္ဓဘာသာကိုဘင်္ဂါလီတွေရဲ့အစ္စလာမ်ဘာသာတွေနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရလို့ မကျေမနပ်ဖြစ်ခဲ့တာကြာပါပြီ။ သူ့အတွက်အခွင့်အရေးတစ်ခုကို ပေးလိုက် သလို ဖြစ်သွားမယ်ဆိုတာ ချင်းတိုင်းရင်းသားတွေ သတိပြုစရာအချက်ပါ။

သူ ကြည့်မရတဲ့ ဗုဒ္ဓဘာသာကိုပဲ ခုတုံးလုပ်မှာ သေချာပါတယ်။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာက ရခိုင်နဲ့ ဘင်္ဂါလီတို့ဖြစ်ခဲ့တဲ့ အထောက်အထားရှိပါတယ်။ အခု ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာကို ရန်တိုက်ပေးပါဦးမယ်။ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်အောင် ဖန်တီးပါလိမ့်မယ်။ ပြီးရင် ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာဝင်တွေကို အနိုင်ကျင့်ပြီး ကိုးကွယ်လို့ မရအောင်လုပ်နေပါတယ်ဆိုပြီး ကမ္ဘာက သိအောင် ကြေညာပေး ပါလိမ့်မယ်။ ကုလသမဂ္ဂကိုတင်ပြမယ့် သူရဲ့ အစီရင်ခံစာထဲမှာ ဗုဒ္ဓဘာသာကို မဟုတ်မမှန်လုပ်ကြံလီဆယ်ပြီး ရေးသား တင်ပြကြပါလိမ့်မယ်။ ဗုဒ္ဓဘာသာကို ခုတုံးလုပ်အမြတ်ထုတ်သွားဦးမယ့် ကင်တားနားကို အယုံအကြည် မရှိဖို့ လိုပါတယ်။

အဲဒီလို အဖြစ်မျိုးကြုံတွေ့ခဲ့ရင် မြန်မာနိုင်ငံဘာဖြစ်သွားမလဲ။ ဗုဒ္ဓဘာသာကိုရော တစ်ကမ္ဘာလုံးက ဘယ်လို မြင်သွားကြမလဲဆိုတာ စဉ်းစားစရာအချက်ဖြစ်ပါတယ်။ ဒါကြောင့် ချင်းတိုင်းရင်းသားတွေအနေနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ ခရစ်ယာန်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ။ ကိုယ့်အချင်းချင်းစိတ်ဝမ်းမကွဲဘဲ ညီညွတ်ဖို့လို ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရဲ့ အဓိကအန္တရာယ်ဟာ အစ္စလာမ်ဘာသာပဲဖြစ်တယ်ဆိုတာ အသိလေး တစ်ချက်ဝင်ဖို့လိုပါတယ်။

ဒါကြောင့် ချင်းပြည်နယ်မှာ ရောက်ရှိနေတဲ့ ကင်တားနားအတွက် အမြတ်ထုတ်စရာဖြစ်မသွားရအောင် မင်းတပ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ချင်းလူမျိုးတွေနဲ့ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေ ညီညွတ်ကြပါလို့ စေတနာနဲ့ အကြံပြုလိုက်ခြင်းဖြစ်ပါတယ်။

မန်ဘွယ်လျန်း

No comments: