Tuesday, August 27, 2013

အမေရိကန်ရောက် ဗီယက်နမ် ယဉ်ကျေးမှု


Tuesday, August 27, 2013

အမေရိကန် ပြည်ထောင်စုမက်ဆာချူဆက်ပြည်နယ်Braintreeမြို့ရှိဗီယက်နမ်မဟာယနဘုန်းတော်ကြီး ကျောင်းတွင် Ullambana Ceremony ပွဲကို သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပပြု လုပ်ခဲ့ပါတယ်။ 


အမေရိကန်ရှိ ဗီယက်နမ်စင်တာတွင် တွေ့ရသော မြန်မာဘုန်းတော်ကြီး ဦးဇ၀နအပါအ၀င် ဗီယက်နမ် ဘုန်းတော်ကြီးအဲဒီ့ ပွဲတော်ကို မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား ၊ လာအို၊ သီရိလင်္ကာ၊ နီပေါ နှင့် ဗီယက်နမ် နိုင်ငံတွေ က ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကိုလည်း ပင့်ဖိတ် ခဲ့ပါတယ်။

သံဃာတော်တွေနဲ့ ဧည့် ပရိသတ်တွေကို ဗီယက်နမ် ရိုးရာ အသက်သတ်လွတ်အစားအစာတွေနဲ့တည်းခင်း ဧည့်ခံကြပါတယ်။ဗီယက်နမ် ရိုးရာ အဝတ်အစားတွေ ဝတ်ဆင်လာကြပြီး ဗီယက်နမ် အဆိုတော်တို့က ဂီတတေး သီချင်းတွေနဲ့ အခမ်းအနားတွင်သီဆိုဖျော်ဖြေဧည့်ခံခဲ့ကြပါတယ်။

မဟာယန ကျောင်းထိုင်ဘုန်းကြီးက ဧည့်ပရိသတ်ကို တရားဟောပြောအပြီး ထေရဝါဒ ရဟန်းတော်များမှ ပါဠိဘာသာအားဖြင့်ဘုရားရှိခိုးဆုတောင်းဂါထားများရွတ်ဖတ်ပူဇော်ပေးခဲ့ကြပါတယ်။သံဃာတော်များကိုလည်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဖြင့် အခမ်းနားပြီးဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း ထေရဝါဒ နှင့် မဟာယာနာ အပြန်အလှန် ပင့်ဖိတ်မှု ဆိုသည်မှာ မရှိသလောက် ဖြစ်သော်လည်း အမေရိကန်နိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ထေရဝါဒနှင့် မဟာယာန အချင်းချင်း ကူလူး ဆက်ဆံမှု ကြီးကြီးမားမား တည်ရှိနေပါတယ်။

ဗီယက်နမ် မဟာယနကျောင်းဟာ ကျယ်ဝန်ပြီး ဗီယက်နမ်နဲ့ အမေရိကန် လူမျိုးတွေနဲ့ စည်းကား သိုက်မြိုက် နေတာကြတာပါ။ တချို့သော မြန်မာဘုန်းတော်ကြီးကျောင်းတို့ထက် ပြည့်စုံပါသေးတယ်။

ဗီယက်နမ် ဘုန်းတော်ကြီးက " ငါတို့တွေ ထေရဝါဒ ၊ မဟာယန ကွဲသော်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အတူတူပဲ" လို့ ဘုန်းတော်ကြီးတွေကို ပြောကြားတာဟာ ညီညွတ်မှုကို ပြသရာလည်း ရောက်ပါတယ်။

ဓာတ်ပုံတွေထဲက နေရာဟာ အမေရိကန် ရောက် ဗီယက်နမ်လူမျိုးတွေရဲ့ အစဉ်အလာနဲ့ ယဉ်ကျေးမှုတို့ကို မပျောက်ပျက်ရအောင် ထိမ်းသိမ်းပေးနေသော ယဉ်ကျေးမှု စင်တာတခု အဖြစ်တည်ရှိနေတာပါ။

ဗီယက်နမ်တွေက အမေရိကန်ပြည်ထောင်စုကို ရောက်နေကြပေမယ့် သူတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်း ကွာကွယ် မြှင့်တင်ဖို့ အစဉ်ကြိုးစားနေတာဟာ လေးစားစရာ ကောင်းပါတယ်။

ဧရာဝတီblog

No comments: