Tuesday, August 27, 2013
ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ
Tuesday, August 27, 2013
ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်မစ္စတာဘန်ကီမွန်း၏အထူးအကြံပေးအရာရှိမစ္စတာဗီဂျေနမ်ဘီးယားဟာ ယနေ့သြဂုတ်လ(၂၇)ရက်နေ့နံနက်(၁၀)နာရီခွဲခန့်တွင်ကချင်ပြည်နယ် မြစ်ကြီးနားမြစ်ကြီးနားမြို့သို့စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ က ပြောသည်။
“ ဒီနေ့ ၁၀ နာရီ ခွဲလောက်မှာ စရောက်တယ်၊ အခုတော့ (မွန်းတည့်)
နှစ်ခြင်း ခရစ်ယာန် ကျောင်းမှာ အဖွဲ့စုံတွေနဲ့ တွေ့ဆုံ ဆွေးနွေး နေပါတယ်၊ ဝန်ကြီးချုပ်လည်း အစည်းအဝေး ထဲမှာ ရှိနေပါတယ်” ဟု ၄င်းမှ ပြောသည်။
မစ္စတာ နမ်ဘီးယားနှင့်အတူ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးအုန်းမြင့်နှင့် မာရီယာ တို့လည်း လိုက်ပါ သွားကြကြောင်း သိရှိ ရသည်။
မွန်းတည့် ခန့်၌ မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်ရှိ နှစ်ချင်း ခရစ်ယာန်
ကျောင်း၌ ကချင်ပြည်နယ်၌ အခြေပြု လှုပ်ရှားနေတဲ့ လူမှု အဖွဲ့ အစည်း
များနှင့် ဘာသာရေး အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ
ဆွေးနွေးလျက်ရှိသည်။
မစ္စတာ နမ်ဘီးယားမှ ၄င်း၏ ခရီးစဉ် အတွင်းတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ လိုင်ဇာ ဌာနချုပ်သို့ သွားရောက်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း ၄င်း အစီအစဉ် အတိအကျကို မိမိတို့ သိရှိ ရသေးခြင်း မရှိသေးဟု ပြည်နယ် ဝန်ကြီးချုပ်၏ ကိုယ်ရေး အရာရှိမှ ဆိုပါသည်။
ယခု အကြိမ် လာရောက်သည့် ဗီဂျေ နမ်ဘီးယား၏ မြန်မာ နိုင်ငံ ခရီးစဉ်
သည် လျို့ဝှက်စွာ လာရောက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိ
နေသည့်တိုင် မည်သည့် နေ့ရက်တွင် စတင် လာရောက် ခဲ့ကြောင်း တရားဝင် ထုတ်ဖော် ကြေငြာ ခဲ့ခြင်း မရှိသလို သတင်းဌာန များအားလည်း အသိပေး ပြောကြားခြင်း မရှိ ခဲ့ပေ။
၎င်းမြန်မာ နိုင်ငံသို့ ရောက်ရှိ နေမှုအား ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ် ခဲ့သည့် ကျေးလက်
ဒေသ ဖွံ့ဖြိုးရေး ဆွေးနွေး ပွဲအား တက်ရောက်ခဲ့ရာတွင် သတင်းဌာန
များက ဖော်ပြ ရေးသားရာမှ၎င်း မြန်မာ နိုင်ငံသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း
သိရှိ ခဲ့ရသည်။
ထို့ပြင် ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာ နိုင်ငံမှ ထွက်ခွာ သွားပြီး မရှေး မနှောင်း ရက်ပိုင်း၌ ရောက်ရှိ နေခြင်း ဖြစ်ကာ မစ္စတာ ကင်တားနား လာရောက်စဉ်၌ သွားရောက် လေ့လာခွင့် မရခဲ့သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အား သွားရောက်ရန် စီစဉ် နေမှု များအားလည်း အများမှ စိတ်ဝင် တစား စောင့်ကြည့် နေလျက် ရှိသည်။
ယခု ခရီးစဉ်သည် မစ္စတာ ဗီဂျေ နမ်ဘီးယား၏ (၆) ကြိမ်မြောက်
မြန်မာ နိုင်ငံခရီးစဉ် ဖြစ်သည်။
Phophtaw News Association
Subscribe to:
Post Comments (Atom)

No comments:
Post a Comment