Monday, August 19, 2013

"ပလတ်စတစ် ဆာဂျရီဆေးခန်းများနဲ့ ကိုရီးယားမင်းသမီး တို့ရဲ့ အမှုများ"


Monday, August 19, 2013

အလှအတွက်ဆိုရင် အသက်ကိုတောင်မမှုဘဲ ခွဲစိတ်ပြုပြင်တတ်ကြတဲ့ အနုပညာရှင်တွေများတဲ့ တောင်ကို ရီးယားမှာ ပလတ်စတစ် ဆာဂျရီဆေးခန်းများနဲ့ အဲဒီမင်းသမီးတွေ အကြားဖြစ်တဲ့ အမှုတွေ၊ သူတို့ နှစ်ဖက်လုံးနဲ့ဆိုင်တဲ့ စွပ်စွဲခံရမှု တွေဟာလည်း ပေါ်ပေါက်နေပါတယ်။

ပက်ဆီယွန်း၊ လီဆောင်ယွန်း၊ ဟွန်ယောင်း၊ ဂျန်နီအင်အေး တို့ကို ခွဲစိတ် ပြုပြင်ခြင်းအတွက်မဟုတ်ဘဲ Propofol များသုံးစေခဲ့လို့ ပလတ် စတစ်ဆာဂျရီ ဆေးခန်းများဟာ ရဲများရဲ့ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရပါတယ်။


ဇွန်လနောက်ဆုံးပတ်အတွင်းက ဆိုးလ်တရားရုံးရဲ့ စီရင်ချက်အရမှာတော့ အဆိုတော် ဘတ်ဂျီယောင်း ရဲ့ပုံကို သူမမသိဘဲ ကြော်ငြာဖို့ယူသုံးခဲ့တဲ့ ပလတ်စတစ် ဆာဂျရီဆေးခန်းက ဘတ်ဂျီယောင်းကို ဝမ် ၅ သန်း လျော် လိုက်ရပါတယ်။ ဓာတ်ပုံတွေကို အနုပညာရှင် မသိဘဲ ယူသုံးတာဟာ သူ့ရဲ့မော်ဒယ် တစ်ယောက်အဖြစ် တန်ဖိုးကို ကျစေတယ်လို့လည်း တရားရုံးက ဆိုပါတယ်။

ယခင်ကလည်း အလားတူ ဖြစ်ရပ်မျိုး အတွက် မင်းသမီး နမ်ဂိုရီက တရားစွဲ ဆို ရာမှာ အနိုင်ရခဲ့ပြီး တရားစွဲခံ ရတဲ့ဆေးခန်းက ဝမ်းငါးသန်း (US$ 4320) ပေးလျော်လိုက်ရပါတယ်။

ဇင်မြင့်စံ
Yati Magazine

No comments: