Monday, 12 August 2013
ပန်ဒါ ၀က်ဝံကြီးများမှာ မျက်မှောက်ခေတ်တွင် ရှားပါးသော ၀က်ဝံ အမျိုးအစားများ ဖြစ်သော်လည်း တရုတ်နိုင်ငံ ရှန်ရှီ ပြည်နယ်တွင် ပြသခဲ့သော ချီဇိုင် အမည်ရှိ အညိုနှင့်၊ အဖြူရောင် စပ်ထားသည့် ပန်ဒါ ၀က်ဝံမှာ အလွန် ရှားပါးသည့် ပန်ဒါဝက်ဝံ ဖြစ်လာခဲ့ကြောင်း သိရသည်။
ချီဇိုင်ပန်ဒါ ၀က်ဝံသည် ကမ္ဘာ့ အရှားပါးဆုံး ပန်ဒါ ၀က်ဝံဖြစ်ပြီး ၎င်းအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှားပါးတောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးနှင့် သုတေသနဌာနတွင်ထားရှိ ပြသထားခြင်း ဖြစ်သည်။
၎င်းပန်ဒါ ၀က်ဝံကို ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း၌ နှစ်လသားအရွယ်တွင် ရှာဖွေ တွေ့ရှိပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ၀က်ဝံ၏ အရောင်မှာ အဖြူနှင့် အညိုရောင် စပ်ထားသော အရောင် ဖြစ်သော်လည်း ၎င်း၏မိခင် ဖြစ်သူမှာမူ သာမန်ပန်ဒါ ၀က်ဝံများကဲ့သို့ အဖြူနှင့် အနက်ရောင်ကိုသာ ပိုင်ဆိုင်ထားသည်။
ယင်းဝက်ဝံ၏ အရောင်သည် အဖြူနှင့် အညိုရောင် စပ်ထားရသည့် အကြောင်း အရင်းမှာ မျိုးရိုး ဗီဇနှင့် ဆိုင်သော သန္ဓေ ပြောင်းလဲမှု ကြောင့်ဟု သုတေသီများက ယူဆထားပြီး ၎င်းအား လာမည့်နှစ်တွင် သားဖောက်ရန် စီစဉ်ထားသည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment