Monday, August 12, 2013

အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာ သံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သူ နှစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိခဲ့


Monday, 12 August 2013


အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ၂ဝ၁၃ ခုနှစ် မေလက အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးကိုဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ နှစ်ဦးအား သြဂုတ် ၉ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သြဂုတ် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။


ရဲတပ်ဖွဲ့သည် ကိုရမ်ကျမ်းစာရွတ် အသင်းအတွက် ဘဏ္ဍာငွေကောက်ခံသူဖြစ်သော အိုင်ပူးလ်ခေါ် မူဟာ မက် စိုင်းဖူလ် ဆာဖာနီ အားယိုဂျကာတာ မြို့တွင်းရှိ တည်းခိုခန်း တစ်ခု၌ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသည် အနောက်ဂျာဗာ ပြည်နယ်ရှိ Salak တောင်ကုန်းတွင် လေ့ကျင့်မှုများ ပြုလုပ်စဉ်က ပါဝင်ခဲ့ဖွယ် ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အိုင်ပူလ်၏ အကြမ်းဖက် ကွန်ရက် အဆက်အနွှယ်ဖြစ်သော ဘာယူဒွီ အာဒီယန်တို ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ၂ဝ၁၃ခုနှစ် မေလက ဖမ်းဆီးရမိခဲ့သည့် အဖွဲ့ခေါင်းဆောင်ရိုဟာဒီတို့ လေးဦး နှင့်အတူ မြန်မာ သံရုံး ကို တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments: