Monday, August 12, 2013

ရုရှားတွင် စနိုးဒင်းကို သွားရောက်တွေ့ဆုံရန် ဖခင်ဖြစ်သူ စီစဉ်


Monday, 12 August 2013


ရုရှားတွင် စနိုးဒင်းကို သွားရောက်တွေ့ဆုံရန် ဖခင်ဖြစ်သူ စီစဉ် အက်ဒွပ်စနိုးဒင်း၏ ဖခင်ဖြစ်သူသည် မော်စကိုသို့ သွားရောက်လည်ပတ်ကာ သားဖြစ်သူနှင့် တွေ့ဆုံရန် အစီအစဉ်ရှိနေကြောင်း သိရှိရသည်။

အမေရိကန်၏ထောက်လှမ်းရေး လျှို့ဝှက်အချက်အလက်များကို ဖော်ထုတ်ခဲ့သည့်နောက် ရုရှားတွင် ယာယီနိုင်ငံရေးခိုလှုံခွင့်ခံယူထားရသည့် သားဖြစ်သူကို မကြာမီ လွန်စနိုးဒင်းက သွားရောက် တွေ့ဆုံလိမ့်မည်ဟု ၎င်း၏ ရှေ့နေက အတည်ပြုခဲ့သည်။


အမေရိကန်၏ ABCသတင်းဌာနနှင့် တွေ့ဆုံရာတွင် လွန်က မိမိအနေဖြင့် သားဖြစ်သူကို တွေ့ဆုံလိုကြောင်း၊ အမေရိကန်သို့ ၎င်းပြန်လာဖြစ်ပါက တရားဥပဒေ အနေဖြင့် မျှမျှတတ စီမံဆုံးဖြတ်မှုမျိုးကို လိုလားကြောင်း
ပြောဆိုခဲ့သေးသည်။ လွန်က "ကျွန်တော့်ရဲ့သားဟာ အမှန်တရားကို ထုတ်ပြောဖို့ ကိုယ့်ကိုယ်ကိုယ် အနစ်နာ ခံခဲ့သူပါ"ဟုလည်း ဆိုသည်။

လွန်၏ ရှေ့နေဖြစ်သူ ဘရုစ်ဖိန်းက "ကျွန်တော်တို့ ခရီးသွားခွင့် ဗီဇာလည်း ရှိနေပါပြီ။ ပြီးတော့သတ်မှတ်ထား တဲ့ရက်လည်း ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ ထုတ်မပြောချင်သေးဘူး။ အလျင်စလို ဖြစ်နေမှာ စိုးလို့ပါ"ဟု ပြောကြားခဲ့သည်။ CIAနှင့် NSA ဝန်ထမ်းဟောင်း စနိုးဒင်းသည် မော်စကိုတွင် ဇွန်လ (၂၃)ရက်နေ့ ကတည်းက နိုင်ငံတကာ လေဆိပ်တစ်ခုအတွင်း ခိုလှုံနေခဲ့ရသည်။

၎င်းသည် သီတင်း(၅)ပတ်ကျော်မျှ ရှာရီမက်ယီဗို လေဆိပ်တွင် နေထိုင်ခဲ့ပြီးမှ ပြီးခဲ့သည့် သီတင်းပတ်အတွင်း စာရွက်စာတမ်း ကိစ္စများ အဆင်ပြေခဲ့ပြီး မော်စကိုတွင် ယာယီ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့သည်။

ဖင်းက မိမိသည် စနိုးဒင်း၏ ရုရှားရှေ့နေ အန်တိုလီ ကူချာရီနာနှင့်လည်း ဆက်သွယ်ခဲ့ပြီး စနိုးဒင်း အနေဖြင့် လုံလုံခြုံခြုံပင် ရှိနေသည်ကို သိရှိထားကြောင်းလည်းဆိုသည်။ "လောလောဆယ်တော့ သူဟာ နွမ်းနယ်နေ
တယ်လို့ ဆိုပါတယ်။ ပြောရရင် သူ့ရဲ့ စွမ်းအင်အပြည့် ပြန်ရဖို့ အချိန်နည်းနည်းတော့ လိုတာပေါ့"ဟု ဖင်းက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

No comments: