Monday, August 19, 2013
မောင် တောက်တီး တူတော်မောင် တစ်တန်း ကျောင်းသားလေး ကျောင်း က ပြန်လာပြီး လွယ်အိတ်ကို ဘုန်းခနဲပစ်ချကာ စိတ်ပျက်လက်ပျက်ပြော၏။
”လေးလေး သား ကျောင်းမတက်တော့ဘူး သားတို့ ကျောင်းက ဆရာမ ရူးသွားပြီ”
”ဟေ… မဟုတ်တာဘဲကွာ၊ မနက်က တောင် လမ်းထိပ်မှာ တွေ့လို့ နှုတ် ဆက်လိုက်သေးတယ်”
” ဟာ. .. လေးလေး မသိပါဘူး တကယ်ရူးသွား ပြီ။ သားတို့ ကျောင်းမှာ လူမှုရေး ဘာသာသင်ရတယ်။ အဲဒီမှာ ဥကပေါက်တဲ့အကောင်တွေ အကြောင်းသင်တာ ဟိုးတစ်နေ့က ဥကပေါက်တဲ့အကောင်က ‘ကြက်’၊ မနေ့က ကျ တော့ ဥက ပေါက်တဲ့ အကောင်က ‘ကျီးကန်း’ လို့ ပြောပြန်တယ် ..၊ ဒီနေ့မနက်ကျတော့ ဥက ပေါက်တဲ့ အကောင် ကို ‘ဘဲ’ တဲ့။လေးလေး စဉ်းစားကြည့် ၃ ရက်မှာ စကား ၃ မျိုး ပြောတာ ဒီ ဆရာမ ရူးနေလို့ ပေါ့”
”ဟာ… မဟုတ်သေးဘူး သားလေးရဲ့ ဒီလို ရှိတယ်”
”လေးလေး မသိပါဘူးဗျာ၊ ဟိုတစ်နေ့ က ၅ နဲ့ ၁ ပေါင်းရင် ၆ ဆိုလို့ သား သေသေချာချာ မှတ်ထားတယ် ၊ မနေ့ ကတော့ ၃ နဲ့ ၃ ပေါင်း ၆ လို့ သင်ပြန်တယ်၊ ဒီမနက် ကျတော့ ၆ ဆိုတာ ၄ နဲ့ ၂ ပေါင်းရတာတဲ့။ အဆိုး ဆုံးကတော့ ဒီနှစ်ကစပြီး ဆရာမက ဦးဆောင်ပြီး စာမသင်တော့ဘူးတဲ့ ဘာမှမတတ် သေးတဲ့ သားတို့ကို မေးမေးပြီး စာသင်တဲ့နည်းကို သုံးတော့မှာတဲ့ဗျာ ..တော်ပါပြီ လေးလေးရာ ဆရာမ အရူးပျောက်မှပဲ ကျောင်းတက်တော့မယ်”
Yati Magazine

No comments:
Post a Comment