Monday, August 19, 2013

ကချင်တိုင်းရင်းသားကိုယ်စားပြု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ကိုဒေါက်တာတူးဂျာ ဦးဆာင်၍ မှတ်ပုံတင်မည်

Monday, August 19, 2013

မကြာမှီ ကချင်တိုင်းရင်းသားကိုယ်စားပြုပါတီအဖြစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(Kachin State Democracy Party)အဖြစ်၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း တသီး ပုဂဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာတူးဂျာက HotNews weekly ကို ယနေ့ပြောကြား လိုက်ပါတယ်

ကျွန်တော်KIO အဖွဲ့ကို၁၉၇၅ ခုနှစ်ဇွန်(၃၀)ရက်နေ့မိုးကောင်းမြို့ကနေတဆင့်ခေါ်ဆောင်သွားခြင်း ခံခဲ့ရ ပါတယ်။အဲဒီအချိန်က သွားဘက်ဆက်ဆိုင်ရာဆရာဝန်ပါ။ KIO မှာဆေးရုံအုပ်လုပ်ခဲ့ပါတယ်။ KIO ကိုယ်စားလှယ်အဖွဲ့၏အတွင်းရေးမှူးအဖြစ် ယိုးဒယား၊ မာနယ်ပလောဘက်မှာကိုးနှစ်တာဝန်ထမ်းဆောင် ခဲ့ပါတယ်။၉၂/၉၃/၉၄ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အမျိုးသားညီလာခံ ကိုလည်း လေ့လာသူအဖြစ်တက်ရောက်ခဲ့ပါတယ်။၂၀၀၃ သြဂုတ်လမှာRoad Map ပေါ်လာတော့
ကျွန်တော်အပါအ၀င် (၅)ဦးတက်ခဲ့ပါတယ်။၂၀၀၈ မှာ အခြေခံဥပဒေပေါ်လာပြီဖြစ်တယ်။ ဒါကြောင့် ကျွန်တော် ၂၀၀၉ စက်တင်ဘာ (၉)ရက်နေ့မှာKIO အဖွဲ့ ဒုဥက္ကဌ (၂)တာဝန်မှ နုတ်ထွက်ခဲ့ပြီး KSPP ပါတီကိုတရားဝင်တည်ထောင်မှတ်ပုံတင်ခဲ့ပါတယ်။ဒါပေမဲ့ ကေအိုင်အိုမှအသွင်ကူးပြောင်းလာလို့ဆိုပြီး ပါတီမှတ်ပုံတင်ထုတ်မပေးခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၂ ခုကြားဖြတ်ရွေးကောက်ပွဲမှာတစ်သီးပုဂ္ဂလလွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်အရွေးခံဖို့ကြိုးစားခဲ့ရာမှာတော့မိုးကောင်းမြို့နယ်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပါတယ်။ သို့သော်ရွေးကောက်ပွဲကျင်းပရန်(၉)ရက်အလိုတွင် နယ်မြေလုံခြုံရေးအရဆိုပြီး ရွေးကောက်ပွဲပြုလုပ်ရန် ရပ်ဆိုင်းထားခဲ့ပါတယ်။

ယခုအခါတစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်မှတရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ရွေးကောက် ပွဲကော်မရှင်မှလည်းတရားဝင်နုတ်ထွက်ခွင့်ပြုကြောင်းစာကို ကျွန်တော်ရရှိပြီးဖြစ်ပါတယ်။

ကျွန်တော်ဟာသူများတွေထူထောင်ထားတဲ့ပါတီကိုဝင်ဘို့ ကေအိုင်အိုမှနုတ်ထွက်ခဲ့တာမဟုတ်ပါဘူး။

ကချင်တိုင်းရင်းသားကိုယ်စားပြုပါတီတစ်ရပ်ထူထောင်ဖို့စောင့်ဆိုင်းနေခြင်းသာဖြစ်ကြောင်း၊ဒါကြောင့် သမိုင်းပေးတာဝန်အရ ကချင်တိုင်းရင်းသားပါတီတစ်ခုအဖြစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ကိုမကြာမှီ မှတ်ပုံတင်ထူထောင်သွားမှာဖြစ်ကြောင်း ဒေါက်တာ တူးဂျာမှ ပြောကြားခဲ့ကြောင်း တင်ပြလိုက်ရပါသည်။

ငြိမ်းချမ်း(MPA)
Hot News Journal

No comments: