Thursday, August 15, 2013
တန်ချိန် ၁ဝဝ ရှိ တောင်ကိုရီးယား ရေငုပ်သင်္ဘော တစ်စင်းရေချ
Thursday, 15 August 2013
တောင်ကိုရီးယား ရေတပ်သည် ၎င်း၏ ရေအောက် စစ်ဆင်ရေး စွမ်းရည်ကို တိုးမြှင့်ရန် အတွက် တန်ချိန် ၁၈ဝဝ ရှိ ဒီဇယ် စွမ်းအင်သုံး ပုံစံ ၂၁၄ စတုတ္ထမြောက် ရေငုပ်သင်္ဘောကို သြဂုတ် ၁၃ ရက်တွင် Geoje ကျွန်းရှိ Daewoo ကုမ္ပဏီ သင်္ဘောကျင်းတွင် ရေချခဲ့ကြောင်း အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ရေငုပ်သင်္ဘောကို ဂျပန် ကိုလိုနီ လက်အောက် ကျရောက်စဉ် ကာလအတွင်း နိုင်ငံလွတ်လပ်ရေးအတွက် လှုပ်ရှား ဆောင်ရွက်မှု
များတွင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင် ပေးခဲ့သော ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သူ Kim Jwa-Jin ၏ အမည် ပေးထား ကြောင်းသိရသည်။
ရေငုပ်သင်္ဘော ရေချခြင်း အခမ်းအနားသို့ သမ္မတ ပတ်ဂွမ်ဟေး၊ ကာကွယ်ရေးဝန်ကြီး ကင်ကွမ်ဂျင်းနှင့် အခြားစစ်ဘက်အဆင့်မြင့် တာဝန်ရှိ
သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ၎င်းရေငုပ် သင်္ဘောကို ၂ဝ၁၄ ခုနှစ် ဒုတိယ နှစ်ဝက်တွင် တောင်ကိုရီးယား ရေတပ်သို့ လွှဲပြောင်း ပေးအပ်
သွားမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် တပ်ဖြန့် ချထားသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေငုပ်သင်္ဘောသည် ပစ်မှတ် ၃ဝဝ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက် နိုင်စွမ်းရှိပြီး သင်္ဘော တိုက်ဖျက်ရေး၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနှင့် လေကြောင်းရန် ကာကွယ် ရေး အစရှိသော စစ်ဆင်ရေး မစ်ရှင် အမျိုးမျိုးအတွက် တာဝန် ထမ်းဆောင်နိုင်စွမ်း ရှိသည့်အပြင် မြေပြင်ရှိ ပစ်မှတ်များကိုလည်း ခရုဇ်ဒုံးပျံများဖြင့် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိရသည်။
၎င်းရေငုပ် သင်္ဘောသည် ဆိုးလ်မြို့မှ ဟာဝိုင်အီ အထိ ဆီထပ်မံ ဖြည့်သွင်း
စရာမလိုဘဲ မောင်းနှင်သွားလာနိုင်ပြီး ရေအောက်တွင်ရက်သတ္တ နှစ်ပတ်ကြာ
နေနိုင်စွမ်းရှိကြောင်း သိရသည်။
မြ၀တီ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment