Thursday, August 15, 2013
တရုတ် နိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ် ၇ဦးဒဏ်ရာရ နေအိမ် ၄၅ဝဝဝပျက်စီး
Thursday, 15 August 2013
တရုတ်နိုင်ငံ တိဘက် ဒေသတွင် ပြင်းအား ၆ ဒသမ ၁ရစ်ခ်ျတာ စကေးရှိ ငလျင်တစ်ခု သြဂုတ် ၁၄ရက်တွင် လှုပ်ခတ်ခဲ့ရာ ဒေသခံ ပြည်သူအနည်းဆုံး ၈၇ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပေါင်း ၄၅ဝဝဝ ကျော်မှာ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုဖြစ်ပွားရာ ဒေသသို့ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်၍ ကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ရင်ဂိုမြို့ အတွင်းရှိ ကျေးရွာများ ဆက်စပ်ဖောက်
လုပ်ထားသည့် လမ်းအရှည် ၁ဝဝ ကီလိုမီတာ ကျော် ပျက်စီးခဲ့ရပြီး အဝေးပြေး လမ်းမကြီးများ၊ တံတားများနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး
ဌာန အဆောက်အအုံများလည်း ပျက်စီးခဲ့ရကာ ဒေသခံ ပြည်သူပေါင်း ၃၄ဝဝ ကျော် ဒုက္ခခံစားခဲ့ရကြောင်းသိရသည်။
မြ၀တီ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment