Monday, August 12, 2013

တရုတ်ပြည်ကို ဟန်းနီး မွန်းထွက်မယ့် ဘုဏ်းသိုက်နဲ့ ချမ်းချမ်း


Monday, August 12, 2013

မကြာသေးမီက မင်္ဂလာဆောင်ထားတဲ့ သရုပ်ဆောင်ဘုဏ်း သိုက်နဲ့ အဆိုတော်ချမ်းချမ်းတို့ အနုပညာရှင် ဇနီးမောင်နှံနှစ်ဦးက ပူတာအိုကို ဟန်းနီး မွန်းခရီးသွားဖို့ စိတ်ကူးထားပေမယ့် လတ်တလော ပူတာအို ဘက်မှာ မိုးတအားကြီးပြီး တောင်ပြိုမှုတွေ ဖြစ်နေတာကြောင့် မသွားဖြစ်တော့ဘဲ သြဂုတ်လ ၅၊၆၊၇ရက် တွေမှာ တောင်ကြီးနဲ့ ကလောဘက်တွေကို သွားဖြစ်ခဲ့တယ်လို့ ချမ်းချမ်းကပြောပါတယ်။ စက်တင်ဘာလ မှာတော့ တရုတ်ပြည်ကိုအနုပညာအလုပ်တွေသွားလုပ်ရင်း ဟန်းနီးမွန်းရက်ရှည် ထွက်ဖြစ်မှာဖြစ်ကြောင်းကို ချမ်းချမ်းက..


"ရှေ့လထဲမှာတော့တရုတ်ပြည်သွားမယ်။ အနုပညာ အလုပ်တွေလည်းပါတယ်။ ချမ်းချမ်းတို့နှစ်ယောက် အတွက် ဟန်းနီးမွန်းထွက်ဖို့ ရက်ရှည်ဖြစ်သွားတာပေါ့။ စက်တင်ဘာ ၁ ရက်နေ့ ထွက်မယ်။ မန္တလေးမှာ မော်ဒယ်ဒီဇိုင်နာ runway ရှိုးအတွက် သီချင်းဆို ပေးဖို့ရှိတယ်။ ၂၉၊ ၃ဝ ရက် မန္တလေးမှာ နေပေးပြီးတော့ ၁ရက်နေ့ မနက်ကို တရုတ်ပြည် တိုင်ပေကို ထွက်မယ်။ အာဆီယံတွေ expo လုပ်တဲ့ပြပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့သွားဆိုရမှာပါ။ ချမ်းချမ်းရယ်၊ ချမ်းချမ်းခင်ပွန်းရယ်၊ ပြီးတော့ မိတ်ကပ်ဆရာတစ်ယောက် ပါမယ်။ ၃ရက်နေ့ပြန်ရမှာ။ ဒါပေမဲ့ ၃၊၄၊၅၊၆ တရုတ်ပြည်မှာနေမယ်။ ဟန်နီးမွန်းအနေနဲ့ လျှောက်သွားကြ မယ်" လို့ ပြောပါတယ်။ အိမ်ထောင်သည်ဖြစ် သွားတဲ့အတွက် အရင်တုန်းကနဲ့ ဘာကွာခြားသွားသလဲလို့ မေးတော့ ချမ်းချမ်းက..

"အိမ်ထောင်သည်ဆိုပေမယ့် ကိုယ်က လည်း ကိုယ့်အလုပ် ကိုယ်လုပ်၊ သူကလည်း သူ့အလုပ်သူလုပ်။ ဒါပေမဲ့ တစ်အိမ်ထဲမှာ အတူ တူနေဖြစ်တာပဲ ပိုလာတာပေါ့။ ကျန်တာက တော့ ရည်းစားတွေလိုပဲ ညဘက်တစ်ခါတလေ တရုတ်တန်း မှာထွက်စားတယ်။ သူက ချမ်းချမ်း အတွက် စားစရာတွေ ချက်ပေးတယ်။ ချမ်းချမ်း ကလည်း သူ့အင်္ကျီတွေ တစ်ခါတလေ မီးပူ တိုက်ပေးတာတွေ ရှိတယ်။ ရည်းစားဘဝတုန်း ကလိုပဲ လိုလေသေးမရှိ လုပ်ပေးတယ်။ အခုကျ တော့ တစ်အိမ်ထဲမှာ အတူတူနေတော့ စက္ကန့် တိုင်း၊ စက္ကန့်တိုင်း သူဘာလိုချင်လဲ၊ဘာလုပ်ချင် လဲ တစ်ယောက်နဲ့တစ်ယောက်ပို ဂရုစိုက်ဖြစ် တာပေါ့။ ဒါပေမဲ့ သိပ်မတွေ့ ဖြစ်ဘူး။ သူလည်း မနက်ထွက် ညမှ ပြန်ရောက်တယ်။ ကိုယ်လည်း မနက် ထွက် ညမှ ပြန်ရောက်ဖြစ်တယ်" လို့ ပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနုပညာအလုပ်တွေကို အကြံဥာဏ်ပေးဖြစ် တယ်ဆိုတဲ့ ချမ်းချမ်းက..

"သူရိုက်မယ့် စီးရီးဇာတ်လမ်းတွေမှာ ဘယ်ဇာတ်ဆောင်တွေနဲ့ လိုက်ဖက်သလဲ၊ သူ အကြံဥာဏ်တောင်း တာတွေလည်းရှိတယ်။ ချမ်းချမ်းကတော့ ဒီဇာတ်လမ်းမှာ ဒီလို လေးဆို ကောင်းမယ်။ ဘယ်မင်းသမီးနဲ့ဆို ပိုလိုက်မယ် ဆိုပြီး အကြံဥာဏ်ပေးဖြစ်တယ်။ ချမ်းချမ်းရဲ့ တတိယအခွေလုပ်တဲ့အခါမှာလည်း သူက သီချင်း ရွေးပုံရွေး နည်းကအစ ဘယ်သီချင်းဆိုရင် ပရိသတ်အတွက် အသစ်အဆန်းဖြစ်မယ်။ ဘယ်လိုတီးလုံးတွေ ထည့်ဆိုပြီး ပြောဖြစ်တယ်။ အရင်တုန်းကထက် အလုပ်အကြောင်းတွေ ပိုဆွေးနွေးဖြစ်တယ်" လို့ပြောပါ တယ်။ချမ်းချမ်း က သူ့ရဲ့ တတိယအခွေကို သြဂုတ်လကုန်မှာ ထွက်ဖို့စီစဉ်ထားတယ် လို့ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments: