Friday, August 30, 2013
ဆီးရီးယားပဋိပက္ခအတွင်း ဓာတုလက်နက်အသုံးမှုအပေါ်မှာ အမေရိကန်နိုင်ငံက စစ်ရေးအရ အရေးယူဖို့ အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး အခုချိန်ထိ သမ္မတ Barack Obama က ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။
ဒါပေမယ့် သမ္မတ အိုဘားမားက ဆီးရီးယားနိုင်ငံပြည်တွင်းစစ်မှာ အမေရိကန်နိုင်ငံအနေနဲ့ တိုက်ရိုက် ၀င်ရောက်စွက်ဖက်မှုလုပ်မယ် ဆိုရင်လည်း ဖြစ်နေတဲ့ ပဋိပက္ခအခြေအနေကို ဘာမှ အထောက်အကူပြုနိုင်မှာမဟုတ်ဘူးလို့လည်း PBS NewsHour နဲ့ အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။
ဆီးရီးယား အရေးကိစ္စအပေါ်မှာ ဗြိတိန်အစိုးရရဲ့ တုံ့ပြန်တဲ့ပြင်းထန်တဲ့စကားလုံးတွေကို အမေရိကန်နိုင်ငံ အနေနဲ့ အသိအမှတ်ပြုတယ်လို့ အိမ်ဖြူတော်ကပြော ပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံအနေနဲ့ ကိုယ်ပိုင် နိုင်ငံခြားရေးဆိုင်ရာမူဝါဒအပေါ် သီးသန့် ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ ဗြိတိန်အစိုးရရဲ့ မှတ်ချက်ပေးမှုကိုလည်း အမေရိကန်နိုင်ငံက အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ ဆီးရီးယား အစိုးရကို တိုက်ခိုက်ဖို့အတွက် ကုလသမဂ္ဂကထောက်ခံမှုမပေးပေမယ့် လည်း ဗြိတိန်အစိုးရအနေနဲ့ တရားဝင် ၀င်ရောက်တိုက်ပိုင်ခွင့်ရှိတဲ့အကြောင်း ဥပဒေအကြံပေးအဖွဲ့က ဗြိတိန်အစိုးရကို အကြံပြုထားတယ်လို့ဆိုပါတယ်။
ဆီးရီးယားနိုင်ငံပြည်တွင်းစစ်အတွင်းမှာ အစိုးရက ဓာတုလက်နက်တွေအသုံးပြုတယ်ဆိုတဲ့ စွပ်စွဲ ချက်ကို ဆီးရီးယားအစိုးရက ငြင်းဆိုထားပေမယ့် အမေရိကန်ထောက်လှမ်းရေးကတော့ သူတို့အနေနဲ့ ရထားတဲ့ ဓာတုလက်နက်အသုံးပြုတယ်ဆိုတဲ့ အချက်အလက်တွေကို ထုတ်ဖော်သွားဖို့ရှိသလို ကုလသမဂ္ဂ လက်နက် ကျွမ်းကျင်ပညာရှင်အဖွဲ့ကလည်း သူတို့ရဲ့တွေ့ရှိချက်တချို့ကို ဓာတ်ခွဲခန်းမှာစမ်းသပ်စစ်ဆေးမှုပြုလုပ်နေ တယ်လို့ သိရပါတယ်။
ABC

No comments:
Post a Comment