Thursday, August 29, 2013
မကြာမီက ကွယ်လွန်ခဲ့သော အဆိုတော် မျိုးမြင့်လေးကြောင့် အနုပညာလောကကို စတင် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း စန္ဒီမြင့်လွင် က ပြောသည်။
”ဒီးဒီကို ပထမဆုံးအနေနဲ့ ပြဇာတ် တစ်ခုမှာ ကဖို့ဆိုပြီး ဦးမျိုးမြင့်လေးခေါ်လာတာ။ အဲဒီ ကစပြီး အနုပညာ အလုပ် တွေ စလုပ်ဖြစ်သွားတာ။ နောက် ဦးမျိုးမြင့်လေး ရဲ့ ‘နေကာ မျက်မှန်’ အခွေကို ဗီစီဒီ ရိုက်ဖို့ အတွက် မဒါ တို့နဲ့ ချိတ်ဆက်ပြီး ခေါ်ရိုက်တာ။ ဒီးဒီကို ကိုမင်းခေတ် နဲ့ ရိုက်ပေးတာ။ အကုန်လုံး နဲ့ မိတ်ဆက် ပေးတာ။ အခု နောက်ပိုင်း ဂီတအစည်းအရုံးမှာဆိုလည်း အမြဲတမ်းတွေ့ ဖြစ်တယ်။ ဟိုတလော တွေ့တုန်းကအကောင်း ကြီး ရှိသေးတာ။ တအားလည်း စိတ်မကောင်း ဖြစ်ရ တယ်။ ကိုယ့်ကို ဒီလို အနုပညာ လောကထဲကို လက်တွဲ ခေါ်လာခဲ့တဲ့သူလေ” ဟု စန္ဒီမြင့်လွင် က ပြောသည်။
”လူငယ်တွေ စုပြီး ဆီးဂိမ်းပွဲ အတွက် လှုပ်ရှားနေတာ။ ဘန်နီဖြိုး၊ လွှမ်းပိုင် ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer တို့လည်း ပါတယ်။ အများကြီးပဲ။ သီချင်းက တစ်ယောက် တစ်ပုဒ်စီ ဆိုကြတာ။ ဒီလို လူငယ် တွေ စည်းစည်းလုံးလုံး နဲ့ လုပ်ရမှာဆိုတော့ ဝမ်းသာတယ်။ နောက် ဒီသီချင်းကို အကုန်လုံး ချောင်းသာမှာ သွားရိုက်ကြမှာဆိုတော့ တအားပျော်စရာ ကောင်းမှာ။ ဒီလိုမျိုး ဆီးဂိမ်း လှုံ့ဆော်ရေးမှာ ပါဝင်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ပြောပြခဲ့သည်။
မေမွန်မောင်
Popular Journal

No comments:
Post a Comment