Tuesday, August 27, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ဗဟိုစစ်ကော်မရှင်အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်


Tuesday, 27 August 2013


မြောက်ကိုရီးယား အလုပ်သမားပါတီ ၏ ဗဟိုစစ်ကော်မရှင် အစည်းအဝေးတွင် မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအွန်သည် ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ကာကွယ်ရေးအတွက် စစ်ဘက် ၏တိုက်ခိုက်ရေး စွမ်းပကားများကို တိုးမြှင့်သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သြဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။


မြောက်ကိုရီးယား ဗဟိုစစ် ကော်မရှင်သည် နိုင်ငံအတွင်းရှိ လှုပ်ရှားဆောင်ရွက် နေသည့် ကိစ္စရပ်များကို ထိန်းချုပ်ထားသည့် အာဏာရပါတီ၏ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး စစ်ရေးနှင့် ဆက်စပ်သော ကိစ္စရပ်များ အားလုံးကို ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အခွင့်အာဏာရှိကြောင်း သိရသည်။ ကင်ဂျုံအွန် အနေဖြင့် နိုင်ငံ ၏လုံခြုံရေးနှင့်အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် ခိုင်မာသည့် မူဘောင်များ ချမှတ်အကောင် အထည် ဖော်သွားမည်ဟု အဆိုပါ အစည်းအဝေး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြော ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ ကျင်းပသည့် အချိန်၊ နေရာနှင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သည့် အချက်များကိုမူ KCNA သတင်းဌာနက အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။

မြ၀တီ      

No comments: