Tuesday, August 27, 2013
အစိုးရမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေးကြီးမြင့်မှုအား ထိန်းချုပ်တော့မည်ဆိုသောကြောင့် မြေဈေး ကစားသူများမှ ကားဈေးကွက်အတွင်း ပိုမိုရင်းနှီးလုပ်ကိုင်လာနိုင် ဖွယ်ရှိကြောင်း ကားတင်သွင်းရောင်း ချသူများက သုံးသပ်ပြောသည်။
ကားတင်သွင်းရောင်းချသူ ဦးမြတ်ဟိန်းက ''အိမ်၊ ခြံ၊ မြေဈေးကွက်မှာဈေးကစားဖို့ အခက်တွေ့လာရင် သူတို့ကလက်လှမ်းမီရာ ဈေးကွက်ကိုဝင်လာမှာပဲ။သူတို့အ တွက်အနီးစပ်ဆုံးက ကားဈေးကွက် ရှိနေတော့ ဒီဘက်ကိုပိုဝင်လာနိုင် တယ်''ဟုပြောသည်။
အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ ဈေးကစားနေသူများသည် ကား ဈေးကွက်အတွင်း ဝင်ရောက်လာရန် အရင်းအနှီးတတ်နိုင်ကြသူများ ဖြစ်ပြီး အဆိုပါဈေးကွက်နှစ်ခုမှာ လည်း အဆက်အစပ်ရှိနေခြင်း ကြောင့် ယင်းသို့မြေဈေးကစားသူ များမှ ကားဈေးကွက်အတွင်း ဝင်ရောက်လာနိုင်ခြင်းဖြစ်ကြောင်း ကား တင်သွင်းရောင်းချသူများမှ ပြောခြင်းဖြစ်သည်။
သီရိမင်္ဂလာဈေးဟောင်းယာဉ်ရောင်းဝယ်ရေးစခန်းမှဝါရင့်ကားဝယ်ရောင်းဦးအောင်ခိုင်က''မြေဈေးကစားနေတဲ့သူတွေက အရင်းအနှီးတတ်နိုင်ကြတဲ့သူတွေ၊ကားဈေးကွက်ထဲမှာလာဝယ်တဲ့သူတွေနဲ့စကားစပ်ရင်း မြေအရောင်းအဝယ်လုပ်ဖို့ အခွင်းအလမ်းရနိုင်တယ်.မြေအရောင်းအဝယ်လုပ်နေရင်းကလဲကားကိုချိတ် ဆက်နိုင်တယ်''ဟု ပြောသည်။
ထို့အပြင် မြေဈေးကစားသူ အချို့သည် ကားဈေးကွက်အတွင်း တွင်လည်း ရောက်ရှိနေပြီးဖြစ်ကာ ယင်းသို့လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်းဆက်လက် ပြောသည်။
မြေဈေးကစားသူများမှ ယင်းသို့ ကားဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်လာနိုင်သော်လည်း ကားဈေးကွက်ထူးခြားစွာပြောင်းလဲနိုင်ရန်မရှိကြောင်းကားအရောင်းပြခန်းမှဒါရိုက်တာဦးထိန်လင်းအောင်က
ပြောသည်။
ယင်းက ''မြေဈေးကစားတဲ့ သူတွေ ကားဈေးကွက်ဘက်လှည့် လာတယ်ဆိုရင်တောင် ကားဈေး ကွက်က ထူးထူးခြားခြားပြောင်းလဲ မှုရှိမှာမဟုတ်ဘူး၊ ကားတွေက အိမ်ခြံမြေလိုမျိုး ဈေးကစားလို့ရ တာမှမဟုတ်တာ၊ သူတို့ဝယ်ပြီး ရောင်းတာဘဲလုပ်လို့ရမယ်၊ ဈေး ကွက်ကတော့ ပြောင်းလဲသွားစရာ မရှိဘူး''ဟုပြောသည်။
မြေဈေးကစားသူများသည်အစိုးရမှမြေဈေးကြီးမြင့်မှုအားထိန်းချုပ်တော့မည်ဆိုသည့်အတွက် ဈေးကွက်အနေအထားအရ လက်လှမ်းမီသောဈေးကွက်အတွင်းဝင်ရောက်လာကြမည်ဖြစ်သောကြောင့်ကားဈေးကွက်အတွင်း ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ကားတင်သွင်းရောင်းချသူများထံမှ သိရသည်။
Yangon Media Group

No comments:
Post a Comment