Tuesday, August 27, 2013

၈၈မျိုးဆက် အလုပ်သမား၊ လယ်သမား ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် သြစတြေးလျ အလုပ်သမားသမဂ္ဂ အရာရှိများတွေ့ဆုံ


Tuesday, August 27, 2013

ယနေ့(သြဂုတ်လ၊ ၂၇ ရက်) မွန်းတည့် ၁၂း၀၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးသို့ သြစတြေးလျနိုင်ငံ အလုပ်သမားသမဂ္ဂမှ အမှုဆောင်အရာရှိ Kate LEE နှင့် စီမံကိန်းအရာရှိ Zoe Bedford တို့သည် ၈၈မျိုးဆက် အလုပ်သမားဆိုင်ရာဌာနနှင့် လယ်သမားဆိုင်ရာဌာနတို့မှ တာဝန်ရှိသူများဖြစ်ကြသည့် ကိုထွန်းမြင့်အောင်၊ မမာမာဦးတို့အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသည်။

၎င်းတို့တွေ့ဆုံရာတွင်မြန်မာနိုင်ငံ၏လက်ရှိအလုပ်သမားများ၊လယ်သမားများအခြေအနေတို့အား မေးမြန်းဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာ အလုပ်သမား၊လယ်သမားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

The 88 Generation Peace and Open Society

No comments: