Thursday, 29 August 2013
ဝန်ကြီးချုပ် ကယ်ဗင်ရဒ် (ဝဲ) နဲ့ အတိုက်အခံ ညွန့်ပေါင်းပါတီခေါင်းဆောင် တိုနီအာဘော့တ်
သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲ မကျင်းပခင် တပတ်ကျော်အလိုမှာ အဓိက နိုင်ငံရေးပါတီ နှစ်ခုရဲ့ ခေါင်း ဆောင်တွေ တတိယအကြိမ်မြောက် စကားရည် လုပွဲ ပြုလုပ်ခဲ့ကြပါတယ်။
စကားရည်လုပွဲမှာ မေးခွန်းမေးခွင့်ရှိသူတွေကတော့ ဘယ်ပါတီကို မဲပေးရမယ်ဆိုတာ မဆုံးဖြတ်နိုင်သေးတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။
မေးခွန်းမေးသူတွေက သြစတြေးလျနိုင်ငံ လယ်ယာမြေကဏ္ဍမှာ တရုတ်နိုင်ငံလို နိုင်ငံခြားကနေ ဝယ်ယူမှု တွေ ရှိလာတဲ့အတွက် ဘယ်လို တားဆီးမှု လုပ်မလဲလို့ မေးရာမှာ ဝန်ကြီးချုပ် ကယ်ဗင်ရဒ်က နိုင်ငံခြားနဲ့ သြစတြေးလျတို့ ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံမှု လုပ်မယ်လို့ ဖြေဆိုခဲ့ပါတယ်။
အတိုက်အခံပါတီကတော့ ပြည်ပနိုင်ငံတွေ ဝယ်ယူမယ့် မြေယာအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချမယ့် အကြောင်း အကယ်လို့ လူသူခေါင်ခိုက်နေတဲ့ နေရာမှာ နိုင်ငံခြား ကုမ္ပဏီက မြေယာဝယ်ယူပြီး သြစတြေးလျ နိုင်ငံအတွက် ငွေကြေးအမြောက်အများရရှိမယ်ဆိုရင် မြေယာတွေ ရောင်းခွင့်ပြုမယ်လို့ ဖြေကြားခဲ့ပါတယ်။
စကားရည်လုပွဲအတွင်း ဝန်ကြီးချုပ်က အတိုက်အခံပါတီကို ရွေးချယ်ကြမယ်ဆိုရင်အသုံးစရိတ်လျော့ချမှာ ဖြစ်တဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်တွေမှာ ထိခိုက်မှုရှိမယ်လို့ ထိုးနှက်ပြောဆိုခဲ့ပါတယ်။
အတိုက်အခံပါတီကတော့ သူတို့အနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံထောက်ပံ့ကြေးတွေကို ဖြတ် တောက်ဖို့မရှိပဲ မိုင်းတွင်းလုပ်ငန်းနဲ့ စီးပွားရှင်တွေဆီကနေ နိုင်ငံတော် ဝင်ငွေ ပိုမိုရရှိအောင် လုပ်ဆောင် ဖို့သာ ရှိတယ်လို့ ပြောပါတယ်။
သြစတြေးလျနိုင်ငံ ပြည်သူတွေအတွက် အရေးမကြီးလှတဲ့ ကဏ္ဍတွေမှာ အသုံးစရိတ်လျော့ချမှာဖြစ်ပြီး အဲဒီအတွက် နိုင်ငံတော် ဘတ်ဂျက်ငွေ ၃၁.၅ ဘီလီယံ ပေါ်ထွက်လာနိုင်တယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ကတော့ အတိုက်အခံပါတီဟာ နိုင်ငံအသုံးစရိတ်လျော့ချမယ့်အတွက် စီးပွားရေး အလားအလာ မကောင်းနိုင်တဲ့အကြောင်း သူဦးဆောင်တဲ့ အစိုးရလက်ထက်အတွင်း ကမ္ဘာ့စီးပွားရေး ကျဆင်းချိန်နဲ့ ကြုံ တွေ့ခဲ့ရတာတောင် သြစတြေးလျနိုင်ငံကို အဲဒီ ကပ်ဆိုဒ်မှုက လွတ်ကင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဒီကနေ့မှာတော့ အတိုက်အခံပါတီက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ပေါ်လစီတွေကြေညာဖို့ရှိပြီး မကြာခင်ကလည်း ဌာနေတိုင်းရင်းသားတွေဆိုင်ရာ ဒေသမှာ အုပ်ချုပ်ခွင့် အာဏာပိုမိုရရှိရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်ဖို့ ပေါ်လစီတွေ ကြေညာခဲ့ပါတယ်။
ABC

No comments:
Post a Comment