Thursday, August 29, 2013

ဆီးရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကုလ တိုက်တွန်း


Thursday, 29 August 2013


ဆီးရီးယားနိုင်ငံတိုက်ပွဲအတွင်း ​ဓာတုလက်နက်အသုံးပြုမှုတွေရှိတဲ့အတွက် ​အနောက်နိုင်ငံတွေက ​စစ်ရေးအရ ​၀င်ရောက် ​စွက်ဖက်မှုတွေပြုလုပ်ဖို့ ​အသင့်ရှိနေတဲ့အချိန်မှာပဲ ​နိုင်ငံတကာအနေနဲ့ ​ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းသွားဖို့ ​ကုသမဂ္ဂက ​တိုက်တွန်းလိုက်ပါတယ်။

အနောက်နိုင်ငံတွေဖြစ်ကြတဲ့ ​ဆီးရီးယားကို ​အရေးယူ ​တိုက်ခိုက်ဖို့ ​စဉ်းစားပြီး ​အသင့်ဖြစ်နေတဲ့ ​အချိန်မှာပဲ ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးချုပ် ​Ban ​Ki-Moon ​က ​တွေ့ဆုံဆွေးနွေးမှုနဲ့ ​အဖြေရှာသွားဖို့ ​တိုက်တွန်းလိုက်ပြီး​တွေ့ဆုံဆွေးနွေးမှုဟာ ​နိုင်ငံရေးပြဿနာကို ​ဖြေရှင်းနိုင်တဲ့ ​အရေးကြီးတဲ့ ​နည်းလမ်းတရပ် ဖြစ်တယ်လို့ဆိုပါတယ်။


အမေရိကန်နိုင်ငံ ​ထောက်လှမ်းရေးကတွေ့ရှိချက်အရ ​ဆီးရီးယား ​အစိုးရအနေနဲ့ ​တိုက်ပွဲအတွင်းမှာ ​ဓာတု လက်နက်အသုံးပြုမှုတွေရှိခဲ့တဲ့အတွက် ​အဲဒီအတွက် ​တုံ့ပြန်တဲ့အနေနဲ့ ​စစ်ရေးအရ ​၀င်ရောက်စွက်ဖက်မှု တွေလုပ်ဖို့ ​အမေရိကန်နဲ့ ​ဗြိတိန်နိုင်ငံတို့ကပြောလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးချုပ် ​Ban ​Ki-Moon ​ကတော့ ​သူ့အနေနဲ့ပါဝင်ပတ်သက်တဲ့ အဖွဲ့အားလုံးကို ​တိုက်တွန်းချင်တာကတော့ ​စစ်လက်နက်အင်အားတွေ ​အသုံးပြုတဲ့အတွက် ​ဘာတွေတွေ့
ရှိခဲ့ကြသလဲ။ ​သွေးထွက်သံယိုမှုတွေကိုပဲ ​တွေ့ရှိရတာဖြစ်တဲ့အတွက် ​ဒါဟာ အကြမ်းဖက်မှုကိုရပ်တန့်နိုင်တာ မဟုတ်ဘူးလို့ ​ဆိုပါတယ်။

ဆီးရီးယားအစိုးရကတော့ ​သူတို့အနေနဲ့ ​ဓာတုလက်နက်အသုံးပြုတယ်ဆိုတဲ့စွပ်စွဲချက်ကို ​ငြင်းဆိုလိုက်ပြီး ​အနောက်နိုင်ငံတွေအနေနဲ့ ​ဓာတုလက်နက်အသုံးပြုတဲ့ ​သက်သေသာတကတွေကို ​ပြဖို့ ​စိန်ခေါ်လိုက်ပါ တယ်။ ​ဓာတုလက်နက်အသုံးပြုမှုနဲ့ပတ်သက်ပြီး ​ကုလသမဂ္ဂ ​လက်နက်ကျွမ်းကျင် ​သူတွေက ​အချက်အလက် ​တချို့ ​စုဆောင်းရရှိထားသလို ​ဒီထက်ပိုမိုရရှိအောင်လည်း ​ရှာဖွေစုဆောင်းနေပါတယ်။ ​ရရှိထားတဲ့အချက် အလက်တွေကိုတော့ ​ဓာတ်ခွဲခန်းမှာ ​စမ်းသပ်နေစဲဖြစ်တယ်လို့လည်းသိရပါတယ်။

တဆက်တည်းမှာပဲ ​ကာကွယ်ရေးမူဝါဒဆိုင်ရာ ​ကျွမ်းကျင်ပညာရှင်တစ်ဦးက ​အခုလို ​နိုင်ငံတကာက ​ဆီးရီးယားစစ်အစိုးရကို ​စစ်ရေးအရအရေးယူတိုက်ခိုက်ဖို့လုပ်နေချိန်မှာပဲ ​သြစတြေးလျအစိုးရ ​အနေနဲ့ ​ပါဝင်မှုမလုပ်လိုပေမယ့် ​ထောက်ခံမှုကိုပြဖို့ ​အရေးကြီးတယ်လို့ ​ပြောလိုက်ပါတယ်။

အခုလိုအနောက်နိုင်ငံတွေက ​၀င်ရောက်တိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တဲ့အပေါ် ​ဆီးရီးယားနိုင်ငံ ​မြို့တော် ​Damascus ​မှာရှိတဲ့ ​ဒေသခံတွေက ​စိုးရိမ်နေကြတဲ့အတွက် ​လိုအပ်တဲ့ ​အသုံးဆောင် ​စာနရိပ်က္ခာတွေနဲ့ ​ဘဏ်စုငွေတွေကို ​ထုတ်ယူနေကြတယ်လို့ ​သိရပါတယ်။

ABC

No comments: