Wednesday, 28 August 2013
တောင်ဥက္ကလာပမြို့နယ်တွင်ဖြစ်ပွားခဲ့သောအမျိုးသမီးတစ်ဦး၏ပါးကိုဓားဖြင့်လှီးခြစ်ပြီးထွက်ပြေးသွားခဲ့သည့် သူများ၏ ပုံတူရုပ်ပုံပန်းချီများ ရဲများ၏လက်ဝယ်ရရှိထားပြီဖြစ်ပြီ
“ပြစ်မှုကျူးလွန်သူတွေရဲ့ပန်းချီပုံတူတွေရေးဆွဲရရှိထားပါပြီ။မြို့နယ်ရဲစခန်းတွေကိုဖြန့်ဝေပြီးရှာဖွေနေပါတယ်” ဟုလည်း ၎င်းကဆိုသည်။
ပြစ်မှုကျူးလွန်ခဲ့ကြသူ နှစ်ဦးအနက် တစ်ဦးသည် နှာတံချွန်ပြီး အသားညိုကာ အရပ်မှာ ငါးပေငါးလက်မ ခန့် ရှိကြောင်း၊ ကျန်တစ်ဦးမှာ မျက်နှာဝိုင်း၊ ဆံပင်ရှည်၊ အရပ်ပုပြီး အရပ်ငါးပေ နှစ်လက်မခန့် ရှိသည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရန်ကုန်တိုင်းရဲဌာနမှတ်တမ်းတွင်
အဆိုပါအမှုအခင်းသည် သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ပါးကို ဆွဲခြစ်ခံရသည့် အမျိုးသမီးသည် တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ အဿက ၂၂ လမ်းတွင်နေထိုင်သည့် အသက် ၄၆ နှစ် အရွယ် ဒေါ်ချိုချိုဝင်းဖြစ်ကြောင်း တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။
အဆိုပါအမျိုးသမီးသည်သားဖြစ်သူကျောင်းမှအပြန်ကြိုရန်ဆိုက်ကားဖြင့် နေအိမ်လမ်းထိပ်မှ ကျောင်းသို့အသွား အထက (၃)ကျောင်းလမ်းနှင့် အဿက(၂၅)လမ်းဆုံအရောက်တွင် ပါးအား ပြတ်ရှစေတက်သောအရာဖြင့် ဆွဲခြစ်ခြင်း ခံရသည်ဟု ကာကကံရှင်က ရဲကိုတိုင်ကြားချက်မှတ်တမ်းတွင်
ထိုသို့ ဆွဲခြစ်သွားသူများကို ထိုအမျိုးသမီးက မသိရှိဘဲ လူမြင်လျှင် မှတ်မိကြောင်း တစ်ဦးက ဆိုက်ကား အားတားပြီး ကျန်တစ်ဦးက သံပြားအ၀ိုင်းဖြင့် ယာပါးကို ဆွဲခြစ်၍ ထွက်ပြေးသွားသည်ဟုလည်း ကာယကံရှင်ဖြစ်သူ ဒေါ်ချိုချိုဝင်း က ရဲအားပြောပြထားပါသည်။
ဒေါ်ချိုချိုဝင်း၏ပါးတွင် သုံးလက်မခန့် ဒေါင်လိုက် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် တက်ရောက် ကုသနေသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် ဘာသာခြားများဖြစ်သည်ဟုဆိုကာ ကောလာဟလ သတင်းများထွက်ပေါ်လာသဖြင့် ယင်းမြို့နယ်တွင် ပဋိပက္ခများ မဖြစ်ပေါ်လာစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား ငါးဆယ်ကျော်ဖြင့် ၂၄ နာရီ လုံခြုံရေးယူနေသည်ဟု မြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။
“လုံခြုံရေးကို ခရိုင်နဲ့ မြို့နယ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၄ နာရီ လုံခြုံရေးကို တရားခံ ဖမ်းဆီးရမိရေးနဲ့နယ်မြေလုံခြုံရေးအပိုင်းနှစ်ပိုင်းနဲ့ဆောင်ရွက်နေပါတယ်”ဟုလည်း တောင်ဥက္ကလာပရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်အောင်ထွန်းလွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ အမှုအခင်းကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက အမှုအမှတ်(ပ) ၃၁၂/ ၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆/၃၄၁/၁၁၄ တို့ဖြင့် တရားစွဲဆိုမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။
Mizzima - News in Burmese
No comments:
Post a Comment