Friday, August 9, 2013
မိဘတွေ အတွက်ကြည့်ပြီး အနေအထိုင် ဆင်ခြင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်သင်ဇာက ဘယ်သူမှ ဂရုမစိုက်ဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ်ဆိုတော့ ကိုယ့်ကို ဝေဖန်မှုတွေရှိရင်လည်း ဂရုမစိုက် တတ်ဘူးလားဆို တော့ ဘယ်လိုပြောရမလဲ။ အဲဒီလို နေလိုက်တာက ကိုယ့်အတွက်ပို ပြီးအဆင်ပြေမယ် ထင်လို့ပါ။
တစ်ခု တော့ရှိတယ်။ အဲဒီလိုမျိုးကြည့်ပြီး နောက်ပိုင်းတော့ အနေအထိုင်တွေပြန်ဆင်ခြင်တယ်။ ကိုယ်ကတော့ ကိုယ်ကြိုက်တာကိုယ်လုပ်တဲ့ type မျိုးရှိတဲ့ သူတစ်ယောက်။ ဒါပေမဲ့ နောက်ဆုံးဒီလို type မျိုးဖြစ်တဲ့ တိုင်အောင်ကိုယ့်မိဘကို ကိုယ်ပြန် ကြည့်တယ်။
အဲဒါဆို သင်ဇာ့မိဘ အတွက် ဆင်ဆင်ခြင်ခြင်နေဖြစ်တယ်လို့ ပြောလို့ရမလားဆိုတော့ အင်းပေါ့။ သင်ဇာ့ အဖေနဲ့အမေကလည်း ပြောတယ်။နေချင်သလိုနေ။ ဒါပေမဲ့ မိဘသိက္ခာ မကျရင်ပြီးရော။ ကိုယ့်မိဘ မထိခိုက်ရင်ပြီးရောတဲ့။ လူ ငယ်ဆိုတာက လွတ်လွတ်လပ်လပ် နေမှာပဲလေ။ တချို့နားလည်တဲ့သူတွေလည်း နားလည်ကြပါတယ်။
ကာရိုက်တာတစ်ခုက ကိုယ်နဲ့မလိုက်ဖက်ဘူး။ ဒါပေမဲ့ ပရိသတ်ကြိုက်တဲ့ အတွက် သရုပ်ဆောင် ရတဲ့အခါ စိတ်ကိုဘယ်လိုသွင်းလဲဆိုတော့ ကိုယ်က သရုပ်ဆောင်ပဲလေ။ ကာရိုက်တာ ပေါင်းစုံသရုပ်ဆောင်နိုင်ရမယ်။ ကိုယ်နဲ့မလိုက်တဲ့ ကာရိုက်တာဆိုတာမရှိဘူး။ သရုပ်ဆောင်ဆိုတာ သရုပ်ဆောင်ဖို့အတွက် လူဖြစ်လာတာ ဆိုတော့ ဟိုကားရိုက်တာ ကိုယ်နဲ့ မလိုက်ဘူး။ ဒီကားရိုက်တာကိုယ်နဲ့ မလိုက်ဖူးဆိုတာ မရှိရဘူး။ မလိုက် ပေမယ့်လည်း တူအောင်ကြိုးစားပြီး သရုပ်ဆောင်ရမှာပဲ။
8 DAYS A WEEK ENTERTAINMENT
No comments:
Post a Comment