Friday, August 09, 2013

တီဗွီနှင့်စမတ်ဖုန်းများကြောင့် ဘူတန်ဘုန်းကြီးကျောင်းများ မှေးမှိန်လာ


Friday, August 9, 2013


ဗုဒ္ဓဘာသာဘုန်းကြီး ကင်ချိုရှာရင်းကို ဘူတန်ဘုရင်၏ရုံးခန်းမှ ဖုန်းဖြင့်ပင့်ဖိတ်ခဲ့ကြောင်း သိရသည်။

ဘုန်းကြီးရှာရင်းအနေဖြင့် ဘုရင်မင်းမြတ်၏ ပင့်ဖိတ်မှုကို ဖုန်းဖြင့် လက်ခံပြောဆိုနိုင်သည် ဟုဆိုသော်လည်း နည်းပညာနှင့် ဒီမိုကရေစီ၏အကျိုးသက်ရောက် မှုကို ခံစားမွေ့လျော်နေသော ဘူ တန်နိုင်ငံတွင် ဘုန်းကြီး တို့၏ အရှိန်အဝါမှာမူ မှေးမှိန်ကျဆင်း လျက်ရှိကြောင်း သိရသည်။

''ဘူတန်နိုင်ငံမှာ ပြောင်းလဲ လျက်ရှိကြောင်း၊ ရဟန်းသံဃာ အဖွဲ့အစည်း၏ အရှိန်အဝါမှာ အကျဘက်သို့ ရောက်ရှိနေပြီး သက်ကြီးဝါကြီး ရဟန်းများကိုပင် အလေးအမြတ်ထားခြင်း မရှိ ကြောင်း ဘုန်းကြီးရှာရင်းက မိန့် ကြားခဲ့သည်။


ဘူတန်နိုင်ငံသည် အိန္ဒိယ နှင့် တရုတ်တို့က ဝန်းရံထားပြီး ဟိမဝန္တာတောင်ခြေအတွင်း တည်ရှိနေသော နိုင်ငံလေးဖြစ်သည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားမှုအတွက် ထင်ရှားသော နိုင်ငံတွင် နိုင်ငံသူ နိုင်ငံသား တို့ သည် အစဉ်အလာထုံးတမ်းဓလေ့များအတွင်း နက်ရှိုင်းစွာခိုတွယ် နေသူများလည်းဖြစ်သည်။

နိုင်ငံတွင် သာသနာ့အလံများ တလူလူလွင့်နေသည်ကိုတွေ့ နေမြင်နေကျလိုဖြစ်ပြီး ဗုဒ္ဓဘာ သာယဉ်ကျေးမှု ကို ထိန်းသိမ်းကာကွယ်ခြင်းမှာ ဘူတန်နိုင်ငံ၏အတုမရှိသော အဓိကမဏ္ဍိုင်လည်း ဖြစ်သည်။

နိုင်ငံ၏အလုံးစုံအမျိုး သား ပျော်ရွှင်ချမ်းမြေ့မှုသည် အတုမရှိသော ဖွံ့ဖြိုးတိုးတက်မှု ပုံစံဖြစ်ပြီး ယင်းသည် နိုင်ငံ၏စီး ပွားရေးဖြစ်ထွန်းမှုနှင့်အတူ ရုပ် ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာချမ်းသာ သုခဟန်ချက်ညီရေးကို ရည်ရွယ်
 ခြင်းလည်းဖြစ်သည်။

ယခုအခါ နိုင်ငံ၏ ဗုဒ္ဓဘာ သာ သက်ဝင်ယုံကြည်မှုသည် ၁၉၉၉ခုနှစ် ရုပ်မြင်သံကြားများကို ခွင့်ပြုလိုက်စဉ်
ကတည်းက ဆုတ်ယုတ်လာခဲ့ကြောင်း ဘုန်း တော်ကြီးရှာရင်းက ယုံကြည်လျက်ရှိသည်။ လူအများတွင် ငရဲကို မကြောက်၊ အယူအစွဲကင်းမဲ့လျက် ထုံတမ်းဓလေ့များကွယ် ပျောက်ခဲ့ကြောင်း ဘူတန်နိုင်ငံ သမိုင်း
စာအုပ်ကိုရေးသားသူ စာ ရေးဆရာ ကာဗာမွန်ရှိုးကလည်း သဘောတူ ထောက်ခံခဲ့သည်။

ဘူတန်နိုင်ငံတွင် သံဃာ့ အဖွဲ့အစည်း၏ အရှိန်အဝါကျ ဆင်းခဲ့သည်မှာ လွန်ခဲ့သည့်ငါး နှစ်ခန့်က ဒီမိုကရေစီ အစပျိုးချိန် ကပင် ဖြစ်သည်ဟုဆိုသည်။ ဘူတန်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင်တို့အား ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ခွင့်ပြုထားခဲ့ပြီး ဘုန်းကြီးများမှာပင် ဇိမ်ခံကားများရှိနေသည်ဟု သင်ဖုမြို့ရှိ စိတ်ရော ဂါကုဆရာဝန် ဒမ်ဘာ ကေနီရိုလာ က ပြောသည်။

Yangon Media Group

No comments: