Thursday, August 29, 2013

ဆီးရီးယားကို အမေရိကန်တို့ တိုက်မည်မို့ အစ္စရေးတို့လည်း ပြင်ဆင်


Thursday, August 29, 2013

အဆုံးမသတ်နိုင်တဲ့ ဆီးရီးယား ပြည်တွင်း စစ်အတွက် နောက်ဆုံးဖြေရှင်း နည်းအနေနဲ့ အမေရိကန်တို့ ဆီးရီးယားကို ဝင်တိုက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါက အစ္စရေး ဘက်က အတည်ပြု ပြောဆိုတဲ့ သတင်းပါ။ အမေရိကန်မှ မပြောသေးပါဘူး။


အစ္စရေးမှာ အမြင့်ဆုံးလုံခြုံရေးစနစ်များ ပြုလုပ်နေပါတယ်။ အကြောင်းကတော့ အမေရိကန်ရဲ့  လေကြောင်း တိုက်စစ်ကြောင့် ဆီးရီးယားလည်း အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ချေရှိကြောင်း သိရပါတယ်။ စစ်ပွဲကြောင်း ဆီးရီးယားဟာ အနီးစပ်ဆုံးဖြစ်တဲ့ အစ္စရေးကိုပဲပြန်တုန့်ပြန်နိုင်ချေရှိတာကြောင်း ဆီးရီးယားနဲ့ နီးစပ်တဲ့ဒေသတွေတိုင်းမှာ ဒုံးဖျက်ယာဉ်များ၊ စစ်စခန်းများချထားလိုက်ပြီ ဖြစ်ပါတယ်။ အစ္စရေး နိုင်ငံရဲ့  လုံခြုံရေးအဆင့်မြင့်ဆုံးအခြေအနေတစ်ခုအထိ မြင့်တင်ထားလိုက်ပြီး ဆီးရီးယားဘက်မှ တိုက်စစ်ကို အကောင်းဆုံးခုခံသွားဖိုဇ့ အဆင်သင့်ရှိနေကြောင်း ဆိုပါတယ်။

ဒါက အစ္စရေးဘက်က ပြင်ဆင်ထားမှုပါ။ ဆီးရီးယားကတော့ သူ့ပြည်တွင်းစစ်နဲ့ပဲ အခြေအနေအတော်ဆိုးနေ ပါတယ်။ ဓာတုလက်နက် အသုံးပြုတာ သူပုန်များ ဟုတ်မဟုတ်၊ အစိုးရဟုတ်မဟုတ် သေချာကွဲခြားရခက်နေ ချိန်မှာ အမေရိကန်ဟာ ကြားဖြတ်ဝင်တိုက်လိမ့်မယ်လို့ အားလုံးခန့်မှန်းပြီးသားဖြစ်ပါတယ်။ သို့ပေမယ့် ဆီးရီးယားကို တိုက်ဖို့အတွက် အမေရိကန်မှ တရားဝင်ကြေညာချက် ထုတ်မထားသေးပါဘူး။ လက်ရှိ ဆိုးရွား တဲ့ နိုင်ငံရေးကိုဖြေရှင်းဖို့ ကုလမှ တာဝန်ရှိသူများ ဆီးရီးယားကို ရောက်ရှိနေပါတယ်။ အစ္စရေးကတော့ အမေရိကန်ဟာ ဆီးရီးယားကို တိုက်ခိုက်ဖို့အတွက် အဖြစ်နိုင်ဆုံးအခြေအနေမှာ ရှိတယ်လို့ ခန့်မှန်းထား ကြောင်း သိရပါတယ်။
.
Ref: Xinhua
YoYarLay

No comments: