Thursday, August 22, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး တစ်ကိုယ်တော် ဆန္ဒဖော် ထုတ်သူကို ခံဝန်ဖြင့် ပြန်လွှတ်ပေး


Thursday, 22 August 2013


ရန်ကုန် မြို့တော်ခန်းမရှေ့တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသနှင့်ပတ်သက်ပြီး ဩဂုတ်၂၀ ရက်က တစ်ကိုယ်တော်ဆန္ဒဖော် ထုတ်သူတစ်ဦးကို အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက ချက်ခြင်းထိန်း သိမ်း ခဲ့ပြီး ခံဝန်လက်မှတ်ဖြင့်ပြန် လွှတ်ပေးလိုက်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းမှ သိရသည်။


''သူ့ကိုထိန်းသိမ်းပြီး ခံဝန်နဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ ဥပဒေ အတိုင်း တရားဆက်စွဲဖို့ ဆောင်ရွက်သွား မှာပါ''ဟု ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူက ဩဂုတ် ၂၁ရက်က ပြောသည်။ ဩဂုတ် ၂ဝရက် မွန်းလွဲ
၂ နာရီ ၃၅မိနစ်ခန့်က စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ဘုရားကြီး၏သိမ်တော်ကို ထိန်းသိမ်း စောင့်ရှောက်ပေးရန်၊ လက်ပံ တောင်းတောင် ဒေသတွင် ဒေသခံများကို ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ဖမ်းဆီးခံထားရ သူ ဒေါ်နော်အုန်းလှကို အမြန်ဆုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးတက် ကြွလှုပ်ရှားသူများကို ဖိနှိပ်နေသည့် ပုဒ်မ (၁၈)ကို ဖျက်သိမ်းပေး ရန် တောင်းဆိုခဲ့သည့် မျိုးဆက်သစ် လူငယ်အဖွဲ့ (Generation Youth)မှ ကိုကျော်သူ ကို ကျောက်တံ တားရဲစခန်းမှ အရပ်ဝတ်နှင့် ရဲအ ရာရှိများက ဆန္ဒဖော်ထုတ်မှုစတင် သည်နှင့်တစ်ပြိုင်နက် ထိန်းသိမ်း ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

''ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော် ထုတ်တဲ့အတွက် ဥပဒေအတိုင်း စစ်ဆေးအရေးယူဖို့ ခေါ်ယူတာပါ။ ဖမ်းဆီးလိုက် တာမဟုတ်ပါဘူး''ဟု ကိုကျော်သူကိုခေါ်ဆောင် သွားသည့် ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။ ယခုဆန္ဒပြမှုကြောင့် ထိန်း သိမ်းခံလိုက်ရသည့် ကိုကျော်သူ သည် ကုန်ခဲ့သည့် ဇူလိုင်လနှောင်း ပိုင်းက ယင်းမြို့တော်ခန်းမရှေ့ တွင်တစ်ကိုယ်တော် ဆန္ဒဖော် ထုတ်မှုကြောင့် ကျောက်တံတား ရဲစခန်းမှ စီတန်းလှည့်လည်ခွင့်ဆိုင်ရာပုဒ်မ (၁၈)ဖြင့် အရေးယူထားပြီး ယခုတစ်ကြိမ် ထပ်မံထိန်း သိမ်းခံရခြင်းဖြစ် ကြောင်း သိရသည်။

''အရင်တစ်ကြိမ်မှာ ခံဝန် လက်မှတ်ထိုးထားတဲ့သူပါ။ အခုထပ်ပြီးလုပ်တဲ့အတွက် သူ့ကို ဥပဒေအတိုင်း အရေးယူမှုတွေပြုလုပ်မှာပါ''ဟု ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

အဆိုပါ လက်ပံတောင်း တောင် ကြေးနီစီ မံကိန်းနှင့် ပတ်သက်ပြီး မုံရွာတွင် ဆန္ဒဖော်ထုတ်ထားသူ ဒေါ်နော်အုန်းလှကိုဖမ်း ဆီးထားပြီး ယင်းအရေးတွင် ဒေ သခံများကို ဦးဆောင်လှုပ်ရှားခဲ့ သူတချို့ကို စစ်ကိုင်းတိုင်းဒေသ ကြီးရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ် ပြန်ထားကြောင်း သိရသည်။

Yangon Media Group

No comments: