Sunday, August 18, 2013

မိန်းကလေး တစ်ယောက်အတွက် စိတ်ထား ဖြူစင်ဖို့က အလိုအပ်ဆုံးပဲလို့ ပြောတဲ့ သဇင်


Sunday, August 18, 2013


မိန်းကလေး တစ်ယောက်အတွက် စိတ်ထားဖြူစင်ဖို့က အလိုအပ်ဆုံးပဲလို့ပြောတဲ့ သဇင်သရုပ်ဆောင်နှင့် အဆိုတော် သဇင်က "မိန်းကလေးတစ်ယောက်အတွက် စိတ်ထားဖြူစင်ဖို့က အလိုအပ်ဆုံးပဲ"ဟုပြောသည်။ "

မိန်းကလေး တစ်ယောက်အတွက် တကယ်အလိုအပ်ဆုံး အရာကစိတ်ဓာတ်၊ စိတ်ထားဖြူစင်ဖို့ပါပဲ၊ ရုပ်ရည် ချောတာ ဆိုးတာနဲ့မဆိုင်ဘူး၊ စိတ်ထားလေးဖြူစင်မယ်ဆိုရင် မိန်းကလေးမှ မဟုတ်ဘူး၊ လူတိုင်းအတွက်ဘာ မဆို ကောင်းတယ်"ဟု ၎င်းကပြောသည်။


သရုပ်ဆောင် အဆိုတော် သဇင်အနေဖြင့် ဖက်ရှင်ပိုင်းတွင် အွန်လိုင်းမှခေတ်စားလျက်ရှိသော ဒီဇိုင်းများ၊ မျက်လုံးခြယ်သမှုများ စသည်ဖြင့်လေ့လာလျက် အလှအပဆိုင်ရာများကို စီစဉ်လေ့ရှိကြောင်းမိတ်ဆွေများ အကြံဥာဏ်ပေးသော ဝတ်စုံများကိုတီထွင်ဝတ်ဆင်ရခြင်းကိုလည်း နှစ်သက်ကြောင်း သဇင်က ထပ်မံပြောပြ သည်။

အဆိုတော် သဇင်သည် ၂၀ဝ၆ ခုနှစ်တွင် အမျိုးသမီး သုံးယောက်ဖြင့်ဖွဲ့ထားသော No အဖွဲ့ဝင်တစ်ယောက် အဖြစ် အနုပညာ လောကသို့ စတင်လျှောက်လှမ်းခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ အမည်ရှိ တစ်ကိုယ်တော် တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်သည်။

Venus News Journal

No comments: