Sunday, August 18, 2013
အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အရာပါလို့ ဆိုတဲ့ ဂျင်းနီ အနုပညာ လောကတွင် မြန်မာ အက၊ သရုပ်ဆောင်၊ အဆိုတော်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ပရိသတ်အားပေးမှု နေရာတစ်ခု ရရှိနေသော အဆိုတော် ဂျင်းနီက " အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့တည် ဆောက်ထားတဲ့အရာ"ဟု ၎င်းကပြောသည်။
"အခု လောလောဆယ် အချစ်ရေးကတော့ အေးဆေးပါပဲ၊ အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့တည်ဆောက်ထားတာပါ၊ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက် အားသာချက်တွေ ကို နားလည်ဖြည့်ဆည်း ပေးရမယ်လို့ နားလည်တယ်" ဟု ၎င်းကပြောသည်။
ယခု လတ်တလော ဂျင်းနီ၏ တစ်ကိုယ်တော် တေးစီးရီးအတွက် အာရုံများနေကြောင်း၊ စိတ်တိုင်းကျ ရရှိရန် သီချင်းတွေကို အချိန်ယူစီစဉ်ဖြစ်နေကြောင်း သရုပ်ဆောင်နှင့် အဆိုဘက်ကိုသာ အာရုံစိုက်ဖြစ်နေကြောင်း ဂျင်းနီကထပ်မံပြောပြသည်။
အဆိုတော် ဂျင်းနီသည် အနုပညာလောကသို့ ဟန်နွေငြိမ်း အမည်ဖြင့် စတင်လျှောက်လှမ်းလာပြီး မြန်မာ နိုင်ငံဆို၊ က၊ ရေး တီးပြိုင်ပွဲတွင် အကပညာဖြင့် ရွှေတံဆိပ်ဆုများရရှိထားသူဖြစ်သည်။ ထို့နောက် ဂျင်းနီ ဟု အမည်ပြောင်း၍ သီချင်းများသီဆိုခဲ့ပြီး အနုပညာလောကတွင် ပရိသတ်အသိအမှတ်ပြုခံထားရသော အနုပညာရှင်တစ်ယောက်ဖြစ်သည်။
Venus News Journal

No comments:
Post a Comment