Sunday, August 18, 2013
စစ်အစိုး ရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ၏ သမီး လုပ်ကြံခံရပြီး သေဆုံးမှုနှင့်ဗုဒ္ဓမြတ်စွယ်တော် ဗုံးပေါက်ကွဲမှု၏ အဓိကတရားခံများကို ဖော်ထုတ်နိုင်ရေး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ်ဆေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။
၁၉၉၆ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင်ဖြစ်ပွားခဲ့သော စွယ်တော် ဗုံးပေါက်ကွဲမှုနှင့် ၁၉၉ရခုနှစ် ဧပြီ ရရက်တွင် ဖြစ်ပွားခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ၏ နေအိမ်တွင် စာအိတ်ဗုံးဖောက်ခွဲခံရမှု ကြောင့် သမီးဖြစ်သူ ဒေါ်ချိုလဲ့ဦး အသက်(၃၃)နှစ် သေဆုံးခဲ့သည့် ဖြစ်ရပ်များအတွက် အဆိုပါ ဗုံးပေါက်ကွဲမှုများ၏ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် အစီအစဉ်ကို နိုင်ငံတော် သမ္မတ၏အစိုးရအဖွဲ့ထံ မကြာမီတင်ပြသွားရန်စီစဉ်ထားကြောင်း၊ လိုအပ်သည့်အကူအညီများပေးရန်နှင့် သက်သေအထောက်အထားများရှာရန် လိုအပ်သည့်စစ်ဆေးမှုများကိုလည်း ပြုလုပ်ပိုင် ခွင့်များတောင်းဆိုရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှအဆင့်မြင့်အရာရှိက ''ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပေါ်ပေါက်အောင်ဖော်ထုတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။အရင်က စစ်ဆေးခဲ့တဲ့သက်သေ အထောက်အထားတွေနဲ့ ဆက်စပ်ပြီးစစ်ဆေးသွားမယ်။ သံသယရှိတဲ့သူတွေကိုတော့ သိထားတယ်။ ဒါပေမဲ့ မပြောသေးဘူး။ သက်သေအထောက်အထားခိုင်လုံမှ တရားခံက မငြင်းနိုင်မှာ။ တစ်ဆက်တည်းပြောရရင် ငါးလောင်းပြိုင်လူ သတ်မှုကိုလဲ လက်ရှိ စစ်ဆေးနေဆဲပါ။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကစစ်နေတာ။ ပြည် သူတွေအနေနဲ့ စွယ်တော်ဗုံးကွဲတာ၊ ဦးတင်ဦးသမီးအိမ်ကို ပါဆယ် ဗုံးပို့လို့သေဆုံးတာကို မေ့သေးမှာမဟုတ် ပါဘူး''ဟု ပြောသည်။
ယင်းကဲ့သို့စစ် ဆေးရခြင်း၏ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက် များကို အသိအမှတ်ပြုလာစေရန်နှင့် လူထုလုံခြုံရေးကို မည်ကဲ့သို့ဆောင်ရွက်သည်ကို သိရှိရန်ရည်ရွယ်၍
ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးမှ တရားသူကြီးတစ်ဦးက ''ဒီလိုမမိတဲ့အမှုတွေကို တရားခံဖော် ထုတ်တော့မယ်ဆိုရင် အတော်စွန့်စားရဲဖို့တော့ လိုလိမ့်မယ်။ ကျွန်တော်တို့တရား သူကြီးတွေကလဲ တတ်နိုင် သမျှ တရားဥပဒေဘက်က လုပ်ဆောင်သွားမှာပါ''ဟုပြောသည်။ စစ်အစိုးရလက်ထက်က တရုတ်နိုင်ငံမှ ဗုဒ္ဓ မြတ်စွယ်တော် လာရောက်ဖူးမြော်သူများအနေဖြင့် မသမာသူများထောင်ထားသည့်ဗုံးကြောင့် ရဟန်းရှင်လူ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏သမီး မသမာသူပို့လိုက် သည့် ပါဆယ်ဗုံးကြောင့် ၎င်းနေအိမ်တွင်သေဆုံးခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလည်း ကရင်ပြည်နယ်တွင် ရဟတ်ယာဉ် ပျက်ကျကာ သေဆုံးခဲ့သည်။
ကျော်မြတ်ဇံ
Yangon Media Group
No comments:
Post a Comment