Wednesday, August 28, 2013
ရန်ကုန်တိုင်းဒေသကြီးရှိဘကကျောင်းဆရာ၊ဆရာမများဩဂုတ်၂ရရက်တွင်နိုင်ငံတော်၏ ထောက်ပံ့ကြေးစတင်ရရှိပြီဖြစ်ကြောင်းသိရသည်။နိုင်ငံတော်အစိုးရအနေဖြင့်မြန်မာတစ်နိုင်ငံလုံးမှတိုင်းနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာတိုင်း ဒေသကြီးဘကကြီးကြပ်ရေးကော်မတီများသို့ဘကဆရာ၊ဆရာမများအတွက်ခွဲတမ်းဘတ်ဂျက်များကိုဇူလိုင်လကုန်ပိုင်းကချပေးထား ပြီးဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရန် ကုန်တိုင်းဒေသကြီး ဘကကြီးကြပ် ရေးအဖွဲ့မှ အဖွဲ့ဝင်ဆရာတော် ဦးပညာစာရက ''တိုင်းနဲ့ပြည်နယ် အလိုက်ပေးတာချင်း မတူပါဘူး။ အစိုးရကနေ အရင်ဆုံး တိုင်းနဲ့ ပြည်နယ်အလိုက် ဘတ်ဂျက်ချပေး ပါတယ်။ ပြီးမှ တိုင်းကနေ ဆရာ၊ ဆရာမတွေကိုပေးတာပါ။ ရန်ကုန် တိုင်းအနေနဲ့ ဒီနေ့ (ဩဂုတ် ၂ရ ရက်)စရတာပါ။ အချက်အလက် ပြည့်စုံတဲ့ကျောင်းတိုင်းရပါပြီ။ အချက်အလက်ဆိုတာကကျောင်းသားအချိုးဆရာအချိုးအရေအတွက်တိတိကျကျပြနိုင်တဲ့ ကျောင်း တွေစောစောရပြီး မတင်ပြနိုင် တဲ့ကျောင်းတွေကတော့ နောက် ကျမှရလိမ့်မယ်''ဟု မိန့်ကြားသည်။
ရန်ကုန်တိုင်းရှိ ပညာ့သိပ္ပံ ဘကကျောင်းမှ ဆရာမဒေါ်နီနီ ထွန်းက ''သတ်မှတ်ထားတဲ့ကျောင်း အရေအတွက်နဲ့ချပေးတဲ့ ဘတ် ဂျက်အနေအထားကြောင့် ယခင် တင်ပြထားတဲ့ပမာဏထက် နည်း သွားပေမယ့် နောက်ပိုင်း ဒီနှုန်း ထားအတိုင်းပဲရမှာလို့ ပြောပါ တယ်''ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်း ဘကကျောင်းဆရာ၊ ဆရာ မပေါင်း ၁၅၀ဝကျော်ရှိသည
Yangon Media Group
No comments:
Post a Comment