Sunday, August 11, 2013

ရခိုင်ပြည်နယ် ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း


Sunday, August 11, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၂/၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်)

ရခိုင်ပြည်နယ်ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ရခိုင်ပြည်နယ်ဝန်ကြီးများအား ယှဉ်တွဲပါ ဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးအပ်လိုက်သည်-

၁ ဒေါက်တာအောင်ကျော်မင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

၂ ဦးသာလူချေ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန

၃ ဦးကျော်သိန်း သစ်တောနှင့်သတ္တုဝန်ကြီးဌာန

၎ ဦးမောင်စံရွှေ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန

၅ ဦးလှဟန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

၆ ဦးအောင်သန်းတင် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန

၇ ဦးမြအောင် စည်ပင်သာယာရေးဝန်ကြီးဌာန

၈ ဦးကျော်ခင် လူမှုရေးဝန်ကြီးဌာန



(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://www.president-office.gov.mm/zg/briefing-room/news/2013/08/09/id-4211#.UgWsz-WuC44.facebook

No comments: