Thursday, 22 August 2013
တက်တူး ထိုးထားတဲ့ မိန်းကလေးတွေ မြင်ရင် ပိုလှတယ်လို့ ခံစားရတဲ့ သင်ဇာဝင့်ကျော်သင်ဇာက တက်တူး ထိုးရတာ ကိုကြိုက်တယ်။ ကိုယ်က တက်တူး ထိုးရတာကို ကြိုက်တဲ့ သူမို့လို့လား မသိဘူး။ သူများ ထိုးထား တာမြင်ရင် လည်းကြိုက်တယ်။ ကိုယ့်ဘာသာ ကိုယ်လည်းကြည့်ပြီး ကြိုက်တယ်။ ဆယ်တန်းပြီးလောက် ကတည်းက အိမ်ကတက်တူး ထိုးဖို့ခွင့် မပြုတော့ တက်တူး စတစ်ကာတွေကို ကပ်ဖြစ်တယ်။ ကိုယ်တက်တူး ထိုးထားတာကိုကြည့်ပြီး ကြိုက်သလိုမြင်ကြပါ စေ။ ဒါက ကိုယ့် Personalလေ။
ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကြိုက်သလိုလုပ်မှာပဲ။ လူ့ဘဝဆိုတာ တိုတို လေး။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင် တာကိုလုပ်ပြီး ပျော်အောင်အေး ဆေးနေမယ်။ လူတွေ ပုတ်ခတ်တာ၊ ပြောဆိုတာ၊ ဝေဖန်တာကို အမြဲနား ထောင်နေမယ်ဆို ခေါင်းကိုက်လို့ သေရင်တောင်သေသွားမယ်။ ဒီ တက်တူးထိုးတာကို ဘယ်လိုပဲလာ ပြောပါစေ။ ကောင်းတာပဲပြော ပြော၊ မကောင်းတာပဲပြောပြောအပြောခံဖို့အသင့်ပဲ။ ကိုယ်ကထိုးပြီး သားလည်းဖြစ်တယ်။ ကြိုက်လည်း ကြိုက်နေတာကိုး။ တက်တူးထိုးရင် နာတယ်လို့ သင်ဇာမထင်ဘူး။ အဲဒီ ဟာကို Feel လို့ထင်တယ်။ အဲဒီ လောက်ကြီးလည်းမနာပါဘူး။ တက် တူးထိုးရင်ငါလှသွားမယ်ဆိုတဲ့ စိတ်ထည့်ပြီးထိုး အဲဒါဆိုအဆင်ပြေတယ်။
အခုချိန်ထိ သင်ဇာထိုးထား တဲ့တက်တူးတွေကို ရိုးတာမရှိဘူး။ မကြိုက်တော့တာမရှိဘူး။ သင်ဇာ မရိုးသေး ဘူး။ ကြိုက်တုန်းပဲ။ တက် တူးအရုပ်အကြီးကြီး တစ်ပုံထိုးရတာ ထက်၊ သေးသေးလေးတွေအများ ကြီးထိုး ရတာကို ပိုကြိုက်တယ်။ နောက်ထပ် တက်တူးထိုးဖို့အစီအ စဉ်ရှိတယ်။ ဘယ်နေရာမှာ ထိုးရ မယ်မသိ သေးဘူး။ နေရာသေချာ ရွေးပြီး ပုံသေချာရွေးပြီးမှပဲထိုး တယ်။ အခုတက်တူး ထိုးကြတာ တစ်ခါသုံး အပ်တွေပဲဆိုတော့ သိပ်စိုးရိမ်စရာလည်း မရှိပါဘူး။ ဆေး တွေလည်း ကောင်းတယ်၊ ကိုယ်က လည်းကျန်းမာ နေတဲ့ လူတစ်ယောက်ဆိုတော့ ဘာမှစိတ်ပူစရာကိစ္စတော့မဟုတ်ပါဘူး။ တက်တူးထိုး ထားတဲ့မိန်းကလေး တွေကိုမြင်ရင် ပိုလှတယ်လို့ ခံစားရတယ်။ တက်တူးမထိုးထားတဲ့ မိန်းကလေးတွေက ရိုးရိုးရှင်းရှင်းလှရင် လှနေမယ်။ တက်တူးထိုးထားတဲ့ မိန်းကလေးတွေက ပိုပြီးလှနေတယ်။ အဲဒါကိုကြိုက်တယ်။ အရင်က တက်တူးကိုလူမ မြင်တဲ့နေရာမှာထိုးတယ်။
အခု တော့လူမြင်တဲ့နေရာမှာထိုးတယ်။ သင်ဇာက တက်တူးကြိုက်တဲ့သူ တစ်ယောက်ပါ။ သင်ဇာ့ပရိသတ် တွေထဲမှာ တက်တူးထိုးတဲ့သူဘယ်နှယောက်ပါလဲ မသိဘူး။ ဒါပေမဲ့ တက်တူးထိုးချင် စိတ်ရှိရင်ထိုးပါ။ တချို့က လှတော့လှချင်တယ်။ နာမှာကိုကြောက်တဲ့သူတွေရှိတယ်။ အဲဒါကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပေါ့။ ဒါ ပေမဲ့ ထိုးချင်တဲ့ စိတ်ရှိရင်ထိုးပါလို့ သင်ဇာ ကတော့ပြောချင်ပါတယ်။
8 DAYS A WEEK ENTERTAINMENT

No comments:
Post a Comment