Thursday, 22 August 2013
အသည်းကွဲရင် တစ်နှစ်လောက် ကြာတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်းအချစ် ရှိတာဟာ လူတိုင်း အတွက်ကောင်း ပါတယ်။ သဉ္ဇာ အတွက်ကျတော့ အချစ်ရှိရင် အရူးမ ကြီးလိုပါပဲ။ ပူလောင်တယ်။ အချစ်နဲ့ကတော့ဝေးလေ ကောင်းလေလို့ပဲ ထင်ပါတယ်။ အချစ်ဆိုတာ သဉ္ဇာ့ အတွက်လုံးဝ အကျိုးမပေးပါဘူး။ စိတ်ညစ်စရာတွေ ချည်းပဲပေးတယ်။ ကိုယ်တိုင်ကလည်း ဘာမှမဟုတ်ဘဲ ဒေါသထွက်တာ၊ ဂျေဝင်တာအရမ်းများတော့ သဉ္ဇာ နဲ့လည်း ဘယ်သူနဲ့မှ ကီးမကိုက်ဘူး။ အိမ်ကလည်း တစ်ယောက်တည်းပေးမလွတ်တဲ့အတွက် ရည်းစားနဲ့ လည်းချိန်းလို့ မရဘူး။ ဖုန်းနဲ့ပဲ ပြောတဲ့ အချစ်က ကြာရှည်မခံပါဘူး။ အခုထိတော့ သဉ္ဇာကတော့ အချစ်ကို ပေးလည်းမပေးဘူး။ ယူလည်းမယူချင်တော့ဘူး။ အခုချိန်မှာ သဉ္ဇာနဲ့ဖုန်းပြောနေတဲ့သူလည်း မရှိသလို ကိုယ်က စိတ်ဝင်စား နေတဲ့ယောကျာ်းလေးလည်းမရှိတော့ အခုချိန်မှာ အချစ်က ၁၀ ရာခိုင်နှုန်း လောက်ပဲ အရေးပါတော့တယ်။
သဉ္ဇာက အသည်းကွဲရင် တစ်နှစ် လောက်ကြာတယ်။ တော်တော်ကြီး ကို ဆိုးဆိုး ဝါးဝါးပါပဲ။ သဉ္ဇာက Romantic ဆန်တဲ့ အချစ်ကိုကြိုက် တယ်။ ဒါပေမဲ့ တစ်ခါမှ Romantic မဖြစ်ဖူးဘူးလို့ ထင်တာပဲ။ အချစ် တစ်ခုတည်းနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် ကိုယ့်ရဲ့ဘဝ ကံကိုပုံပြီး အိမ်ထောင်ပြုတာပဲလို့ ထင်တာပဲ။ သဉ္ဇာ ကအိမ်ထောင်ပြုရင် ကိုယ်ချစ်တဲ့သူ လည်းမယူဘူး။ မိဘပေးစားတဲ့ သူကိုလည်း မယူဘူး။ ကိုယ်ယူမယ့် လူကလူတိုင်းက သူ့ကို အရည်အချင်းရှိတယ်လို့ သတ်မှတ်ထားတဲ့သူ။ ကိုယ်ဘယ်ပဲသွားသွား သူ့ကိုကိုယ် ထုတ်ပြရဲတဲ့သူတစ်ယောက်ဖြစ်တဲ့ သူမျိုးကိုပဲ လိုချင်ပါတယ်။
8 DAYS A WEEK ENTERTAINMENT

No comments:
Post a Comment