Thursday, August 22, 2013

စိုးပြည့်သဇင် ပြောတဲ့ အောင်မြင်မှု


Thursday, 22 August 2013

စိုးပြည့်သဇင် ပြောတဲ့ အောင်မြင်မှုဒါရိုက်တာ ဦးမျိုးထူး ရိုက်ကူးလျက် ရှိသော 'အရိပ်စစ်ရဲ့တန်ဖိုး' ဗီဒီယို ဇာတ်ကားတွင် သရုပ်ဆောင် ကျော်ရဲအောင် နှင့်တွဲဖက်၍ သရုပ်နေသော အကယ်ဒမီ စိုးပြည့်သဇင်က " အောင်မြင်မှုဆိုတာက အတိတ်ကံ၊ ကြိုးစားမှုကို ပရိသတ်က အသိအမှတ်ပြုလို့ ရတာပါ"ဟု ပြောသည်။


 " စိုးပြည့်အောင်မြင်မှု တစ်နေရာ ရတယ်ဆိုတာကလည်း ပရိသတ်က အားပေးလို့ပါ၊ အောင် မြင်မှု ရတယ်ဆိုတာက စိုးပြည့်ရဲ့ အတိတ်ကံရယ် ကြိုးစားမှုရယ်ကို ပရိသတ်က အသိအမှတ်ပြု လို့ရတာပါ"ဟု ၎င်းကပြောသည်။

ယခုနှစ် အကယ်ဒမီအတွက် ' အမုန်းမီးတောက်' အမည်ရှိ ရုပ်ရှင် ဇာတ်ကားတွင် စိုးပြည့် သဇင်အနေဖြင့် အကောင်းဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်း၊ ကျန်တာက ကံနှင့်သာဆိုင် ကြောင်း၊ တက္ကသိုလ်တွင် မြန်မာစာမေဂျာ ယူရန် စီစဉ်ထားကြောင်း၊ သရုပ်ဆောင် ပိုင်းနှင့် အဆိုပိုင်း နှစ်ခုစလုံးကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောပြသည်။ သရုပ်ဆောင် စိုးပြည့်သဇင် သည် ၂၀ဝ၉ ခုနှစ် ရုပ်ရှင် ထူးချွန်ဆုပေး ပွဲတွင် ' မိုးညအိပ်မက်မြူ' ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ပို့ဆု ရရှိထားပြီး ' ချစ်သူရွေး မယ်' အမည်ရှိ တစ်ကိုယ်တော် တေးစီးရီး VCD ထွက်ရှိထားသူလည်း ဖြစ်သည်။

Venus News Journal

No comments: