Thursday, 22 August 2013
အဆိုတော်နေနေက ပေါ့ပ်ဂီတလိုင်းကို အမြဲဆိုနေမည်ဟု ပြောသည်။
”မြူးဇစ် အားလုံးကို အကုန်လုံး ကြိုက်ပါတယ်။ ရော့ခ်မှာလည်း သီချင်း တအားကောင်းတယ်ဆိုရင် ကြိုက် ပါတယ်။ R&B လည်း ကြိုက်တယ်။ ဟစ်ဟော့ မှာဆိုရင် လည်း တကယ်ကောင်းတဲ့ သီချင်းဆိုရင် အကုန် ကြိုက်ပါတယ်။ ဂီတမှာ အကြာဆုံး ရပ်တည်နိုင်တာကတော့ ပေါ့ပ်ပေါ့။ပေါ့ပ်ဆိုရင် ကလေးလူကြီး မရွေး ကြိုက်ကြတယ်။ ပေါ့ပ်လိုင်းကိုတော့ အမြဲဆိုဖြစ်နေမှာပါ”ဟု ၄င်းကပြောသည်။
ဆူးစူးသူ အခွေ ပရိသတ်လက်ထဲ အရောက် ပို့ပေးပြီး နောက်ပိုင်းမှာ အဆိုတော် နေနေက ဒုတိယ တစ်ကိုယ်တော်အခွေအတွက်လည်း သီချင်းတွေ စုနေပြီဖြစ်ပြီး ကိုယ်တိုင်ရေးထားတဲ့ သီချင်းပါဝင်မှာ
ဖြစ်ကြောင်း ပြောသည်။
”နေနေ ကိုယ်တိုင် ရေးထားတာပါ။ သီချင်းစာသားရော၊ သံစဉ်ရော ကိုယ်တိုင်စပ်ထားပါတယ်။ ဒုတိယ အခွေကတော့ တော်တော်ပြောင်းလဲမယ်။ အများစုကလည်း ပြောကြတယ်။ သီချင်းအမြူးလေးတွေ ထည့်ပါတဲ့။ အဲဒါကြောင့် Country Style တွေ တော်တော်များများ ထည့်ထားတယ်။ပေါ့ပ်၊ ရော့ခ်တွေ ပါမယ်။ ဆိုနေကျ အနှေးလေးတွေ လည်းပါမယ်။ R&B ပုံစံလည်း ဆိုဖို့ စဉ်းစားထားပါတယ်။ ပရိသတ်က အဲဒီလို သီချင်းတွေ ဆိုပါလို့ တောင်းဆိုတဲ့အတွက်ကြောင့်ပါတယ်။ ကိုယ်တိုင်ဆိုချင်လို့ဆိုတဲ့ သီချင်းတွေက ပိုများပါတယ်” ဟု ပြောသည်။
ခိုင်ဝေလွင်
Popular Journal

No comments:
Post a Comment