Thursday, August 29, 2013
ဩစတြေးလျဘီလျံနာသူ ဌေးကြီးက ကြမ္မာဆိုးဝင်ခဲ့သော တိုင်တန်းနစ်သင်္ဘောကို အသွင်သစ် ပြန်လည် တည်ဆောက်နေမှုသည် ချစ်ခြင်းမေတ္တာနှင့် ရဲရင့် မှုအကြောင်းဖွဲ့ဆိုသည့် စီမံကိန်း ဖြစ်သည်ဟု ပြောကြား ခဲ့သည်။
ဩစတြေးလျသူဌေးကြီး ကလစ်ပါမားသည် ယခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင်နိုင်ငံရေးပါတီကို တည်ထောင်ခဲ့ ပြီးနောက် လာမည့်လ အမျိုးသားရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသွားမည်ဖြစ် ကြောင်း သိရသည်။ တိုင်တန်းနစ် သင်္ဘော တည်ဆောက်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် မူလ တိုင်တန်းနစ်သင်္ဘောနှင့် တစ်ပုံစံတည်း တူနိုင်သမျှတူအောင်တည် ဆောက်သွားမည်ဖြစ်သည်။
မစ္စတာပါမား ၏ တိုင်တန်း နစ်-၂သင်္ဘောကြီးကို ခေတ်သစ် အသွင်အပြင်ပုံစံဖြင့် တွေ့ရမည် ဖြစ်သော်လည်း ၁၉၁၂ခုနှစ်က ရေခဲတောင်နှင့်တိုက်၍ နစ်မြုပ် ခဲ့သော နဂိုမူလတိုင်တန်းနစ်နှင့်မူ တူနိုင်သမျှတူအောင် ဆောက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ သင်္ဘောတည်ဆောက်ပြီးပါက ၂၀၁၆ခုနှစ်တွင် ပွဲဦးထွက် ခရီးကို စတင်မည်ဖြစ်ပြီး ခရီးသည် ၁၀၀၀ ကြိုတင်စာရင်းသွင်းထားပြီးဖြစ်ကြောင်း မစ္စတာပါမားက ပြောသည်။
REF:AFP
Yangon Media Group

No comments:
Post a Comment