Tuesday, September 10, 2013

နှစ်ယောက်ပေါင်း ဖျော်ဖြေပွဲ ပြုလုပ်မယ့် မေခလာနဲ့ မေဆွိ


 Tuesday, September 10, 2013
ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံမှာသီတင်းကျွတ်လပြည့်နေ့၊ရှိုးပွဲလုပ်ဖို့မေခလာနဲ့မေဆွိတို့ကစီစဉ်နေပါတယ်။မေခလာကဂျပန်မှာရှိုးသွားဆိုရင်းမေဆွိနဲ့တွေ့ဆုံခဲ့ပြီးနှစ်ယောက်သားရှိုးလုပ်ဖို့ အတွက် စီစဉ် ခဲ့ကြခြင်း ဖြစ်တယ်လို့ ရန်ကျော်ကပြောပါတယ်။ “မငယ်နဲ့ မမေဆွိကတစ်ခေတ်တည်း၊တစ်ပြိုင်တည်းဂီတလောကထဲ စရောက်ခဲ့ကြတာလေ။ ဒါပေမဲ့ သူတို့နှစ်ယောက် တစ်ခါမှ စင်မြင့်ထက်မှာ အတူတူ တွဲမဆိုဖူး ဘူး။ ဒီတော့ ဒီအတွဲကို အမှတ်တရ ဖြစ်အောင်၊ မှတ်တိုင် တစ်ခုဖြစ်အောင် လုပ်ကြ ရတော့မှာပါ။ မမေဆွိက တကယ် လေးစား ရလောက်တဲ့ တေးသံရှင် တစ်ယောက်ပါ။ ဒီလို ပွဲမျိုးကလည်း လုပ်သင့်တယ်လေ” လို့ ရန်ကျော် ကပြောပါတယ်။

သီတင်းကျွတ် လပြည့်နေ့ ည မှာလုပ်မယ့် ရှိုးပွဲမှာ ကျန်တဲ့ အဆိုတော်တွေ လည်း ပါဝင် သီဆို ပေး မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကိုရန်ကျော်က “အစ်ကို့အထင် ဒီ့ပြင် လူငယ် အဆိုတော် ၄ယောက် ပါမယ် ထင်တယ်။ သူတို့က ပါဝင် အားဖြည့်ပေးကြမှာပါ။ သူတို့ရဲ့ ပရိသတ် လက်ခံ ပြီးသား သီချင်းတွေကို ဆိုကြလိမ့်မယ်။ သူတို့ နှစ်ယောက်ပေါင်း ပျမ်းမျှ ၁၅ ပုဒ်လောက် ရယ်၊ ကျန်တဲ့ လူငယ် အဆိုတော် ၄ယောက်က တစ်ယောက် နှစ်ပုဒ်စီ ဆိုမယ် ဆိုတာတော့ သိတယ်။ 

လောလောဆယ်တော့ ကိုဥက္ကာဦးသာရဲ့ Plus 3 တီးဝိုင်းနဲ့ သူတို့ ချိတ်ဆက် ထားကြ တယ်။ အဲဒါနဲ့ပဲ လုပ်ဖြစ်ဖို့ များပါတယ်” လို့ ပြောပါတယ်။ သီတင်းကျွတ် ရှိုးပွဲ ပြီးရင် သူတို့ခေတ်ပြိုင် အဆိုတော် အများစုနဲ့ ဒီနှစ် အတွင်း မှာပဲ ဖျော်ဖြေပွဲ လုပ် မှာဖြစ်ကြောင်း၊ မမေဆွိ အနေ နဲ့က လည်း နိုင်ငံခြား ကနေ စက်တင်ဘာ ၁၅ ရက်နေ့ လောက် မှာ မြန်မာပြည် ပြန်ရောက်မယ်လို့ ယူဆကြောင်း ကိုရန်ကျော် က ပြောပါ တယ်။

 Popular Journal

No comments: