Tuesday, September 10, 2013

ဓာတု လက်နက်များကို ဆီးရီးယား အစိုးရက အသုံးပြုခဲ့သည်ဟူသော သက်သေ အထောက်အထား မရှိဟု အမေရိကန်ဝန်ခံပြောကြား


 Tuesday, September 10, 2013 
ဆီးရီးယားနိုင်ငံအတွင်း၌သြဂုတ်၂၁ရက်ကဖြစ်ပွားခဲ့သောတိုက်ခိုက်မှုတစ်ခုတွင်ဆီးရီးယားအစိုးရဘာရှာအယ်လ်အာဆတ်ဘက်မှဓာတုလက်နက်ပစ္စည်းများကိုအသုံးပြုခဲ့သည်ဟူသောတိကျခိုင်လုံသည့်သက်သေအထောက်အထားများမရှိကြောင်းအိမ်ဖြူတော်၌စက်တင်ဘာ၈ရက်ကပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်အိုဘားမား၏ပြည်ပမူဝါဒရေးရာအကြံပေးတစ်ဦးဖြစ်သူဒန်းနစ်မက်ဒေါနက်က၀န်ခံပြောကြားခဲ့သည်ဟုသိရသည်။ဒမတ်စကပ်မြို့၏အပြင်ဘက်တွင်သြဂုတ်၂၁ရက်ကဖြစ်ပွားခဲ့သောအဆိုပါတိုက်ပွဲတွင်ဓာတုဓာတ်ငွေ့များအသုံးပြုမှုကြောင့်ကလေးငယ်၄၂၆ဦးအပါအ၀င်လူပေါင်း၁၄၂၉ဦးသေဆုံးခဲ့ရသည်ဟုသိရသည်။

အဆိုပါ တိုက်ပွဲတွင် ဓာတု လက်နက် ပစ္စည်းများ အသုံးပြုခဲ့မှုနှင့် ပတ်သက်၍ ဆီးရီးယား အစိုးရဘက်မှ ဓာတု လက်နက် သုံးရန် ညွှန်ကြားခဲ့သည် ဟူသော ထုတ်ဖော် ပြောကြားချက် ထွက်ပေါ်နေသည့်ကြားမှ အဆိုပါ တိုက်ပွဲတွင် ဓာတု လက်နက် ပစ္စည်းများ အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ မည်သည့် အဖွဲ့မှ အသုံးပြု တိုက်ခိုက်ခဲ့သည် ဟူသော တိကျ ခိုင်လုံသည့် သက်သေ အထောက်အထားများမ ရှိကြောင်း၊ အတိုက်အခံများဘက်မှ အသုံးပြုခဲ့သည် ဟူ၍လည်း ပြန်လည် ယူဆ၍ရကြောင်း၊ တိုက်ပွဲတွင် မိမိတို့ အစိုးရအဖွဲ့သည် ဓာတု ပစ္စည်းများကို အသုံးပြုခဲ့သည် ဟူသော သက်သေ များမှာလည်း ဖန်တီးထားသည့် သက်သေများ သာဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်တွင် ပြုလုပ်သော တွေ့ ဆုံ မေးမြန်းခန်း တစ်ခုတွင် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်က အမေရိကန် သတင်းထောက် တစ်ဦးဖြစ်သူ ချာလီရို့စ်ကို ပြောကြား ခဲ့သည်ဟု သိရသည်။

 မြ၀တီ

No comments: