Tuesday, September 10, 2013

နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ဗန်ဂိုး၏ ပန်းချီကားအား အမ်စတာဒမ်တွင် ထုတ်ဖော်ပြသ


Tuesday, September 10, 2013 
အမ်စတာဒမ်စက်တင်ဘာ ၉ နှစ်ပေါင်းမျာစွာ ပျောက်ဆုံးနေသော ကမ္ဘာကျော်ဒတ်ခ်ျလူမျိုး ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ပန်းချီကားတစ်ချပ်ဖြစ်သည့်SunsetofMontmajourအမည်ရှိပန်းချီကားအားနယ်သာလန်နိုင်ငံအမ်စတာဒမ် မြို့ရှိ ဗန်ဂိုးပြတိုက် တွင် စက်တင်ဘာ ၉ ရက်က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

၁၈၈၈ ခုနှစ်က ရေးဆွဲထားခဲ့သော အဆိုပါဆီဆေး ပန်းချီကားကြီးအား ၁၉ဝ၈ ခုနှစ်တွင် နော်ဝေ လူမျိုးတစ်ဦးက ဝယ်ယူခဲ့ပြီးနောက် ၎င်းအား ဗန်ဂိုး၏ လက်ရာပန်းချီကား အတုဟု ထင်မှတ်ကာ နေအိမ်ထပ်ခိုး၌ နှစ်ပေါင်းများစွာ ကြာအောင်သိမ်းဆည်း ထားခဲ့ကြောင်း၊ အဆိုပါ ပန်းချီကားတွင် ရေးထိုးထားသည့် July 4, 1888 ဟူသောစာသားအား ကျွမ်းကျင်ပညာရှင် များက ဗန်ဂိုး၏လက်ရေးနှင့် တိုက်ဆိုင် စစ်ဆေးကာ ဝယ်ယူခဲ့ကြောင်း ပြတိုက် ညွှန်ကြားရေးမှူး အက်စ်ဆဲလ် ရူဂျာက ပြောကြားခဲ့သည်။

 မြ၀တီ

No comments: