Tuesday, September 10, 2013

Miss World 2013 ပြိုင်ပွဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပ


 Tuesday, September 10, 2013
အင်ဒိုနီးရှားနိုင်ငံရှိအပန်းဖြေကျွန်းတစ်ခုဖြစ်သည့်ဘာလီကျွန်း၌MissWorld2013ပြိုင်ပွဲကိုစက်တင်ဘာ၈ရက်ကလုံခြုံရေးများတင်းကျပ်စွာတပ်ဖြန့်ချထားပြီးစတင်ကျင်းပခဲ့သည်ဟုသိရသည်။ယင်းပြိုင်ပွဲကိုဂျကာတာမြို့တွင်ကျင်းပရန်အစောပိုင်းကစီစဉ်ခဲ့သော်လည်းမွတ်စလင်အစွန်းရောက်များကလွန်ခဲ့သောသီတင်းပတ်အတွင်းနိုင်ငံတစ်ဝန်းရှိလမ်းများတွင်ဆန္ဒပြခဲ့သဖြင့်ပြိုင်ပွဲကျင်းပရန်နေရာကိုဘာလီကျွန်းသို့ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်၍ပြိုင်ပွဲနေရာပြောင်းရွှေ့ကျင်းပရန်ဆုံးဖြတ်ခဲ့သောအစိုးရ၏ဆုံးဖြတ်ချက်အား စိတ်ပျက်ဖွယ်ကောင်းသည်ဟုMissWorldပြိုင်ပွဲအစီအစဉ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များကဝေဖန်ပြစ် တင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲအခမ်းအနား ကျင်းပရာ အဆောက်အအုံ ဝန်းကျင်၌ လက်နက်ကိုင်တပ်ဖွဲ့ဝင် အချို့အပါအဝင် ရဲတပ်ဖွဲ့ ဝင်ရာပေါင်းများစွာ တပ်ဖြန့်ချထား ခဲ့သည်ဟု သိရသည်။

 မြ၀တီ

No comments: