Tuesday, September 10, 2013

ဆီးရီးယားပြည်တွင်းစစ်ကပေးတဲ့ မြန်မာပြည်အတွက် သင်ခန်းစာ



Tuesday, September 10, 2013
ဒီပုံ၂ပုံကိုယှဉ်ကြည့်ပါဆီးရီးယားစစ်ပွဲတွေကြားကကွဲခြားမှူတွေပါ။သူတို့နိုင်ငံသားအချင်းချင်းမသင့်မြတ်လို့ထဖြစ်တဲ့စစ်ပွဲကိုဘယ်သူ့အပြစ်ရယ်လို့မပြောလိုပါဘူး။ဒါပေမယ့်ဆီးရီးယားတပ်မတော်ဘက်မှာဆီးရီးယားနိုင်ငံသားစစ်စစ်တွေပဲဖြစ်ပြီးတော့အနောက်နိုင်ငံကြီးတွေရဲ့ထောက်ပံမှူရထားတဲ့သူပုန်တပ်ဖွဲ့ကတော့မြင်တဲ့အတိုင်းအာဖဂန်နစ္စတန်၊ဆော်ဒီအာရေဗျ၊ချေချင်းညာ၊အီဂျစ်၊တူရကီ၊လစ်ဗျားစတဲ့နိုင်ငံအသီးသီးကကြေးစားတွေပါဝင်နေတာကိုတွေ့ရမှာပါ။ဒီလိုတပ်ဖွဲ့ဝင်တွေနဲ့စုစည်းထားတဲ့တပ်ဖွဲ့တစ်ခုဟာဆီးရီးယားနိုင်ငံသားစစ်စစ်တွေနဲ့ဖွဲ့စည်းထားတဲ့ဆီးရီးယားတပ်မတော်ကိုနိုင်ငံခြားကနေငွေရေးကြေးရေးနဲ့စွမ်းအားမြှင့်လက်နက်ခဲယမ်းအထောက်အကူတွေနဲ့တိုက်ထုတ်နေတာသမ္မတအာဆတ်နဲ့ဆီးရီးယားတပ်မတော်ကိုဖြုတ်ချတိုက်ထုတ်ဖို့တစ်ခုတည်းဆိုတဲ့ ရည်ရွှယ်ချက်ဟာ ဖြစ်နိုင်ပါ့မလား ။
ဘယ်လိုအားကိုးတွေထောက်ပံမှူတွေနဲ့အာရပ်ကမ္ဘာတစ်ဝှမ်းကတိုက်ခိုက်ရေးသမားတွေဆီးရီးယားထဲဝင်ရောက်နေတာပါလဲ။သူတို့ရဲ့နေရင်းနိုင်ငံတွေမှာလည်းကြည့်ပါ။စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေချည်းပါပဲ။သူတို့ဘာသာ ဗော်လံတီယာ လုပ်ပြီး လာဟန်တော့မတူပါ ။ဒီလိုကြေးစားတပ်ဖွဲ့တွေကို ဘယ်သူက ပိုက်ဆံပေးသလဲ။ ရှင်းပါတယ်။ဆန့်ကျင်တဲ့ သူပုန်အုပ်စုက ပေးတာဖြစ်ပါတယ်။သူပုန်အုပ်စုကို ဘယ်သူကပေးလဲ ။ US ကပေးတာဖြစ်ပါတယ်။ဒီကြေးစား တိုက်ခိုက်ရေး သမားတွေဟာ တကယ်တမ်း ဆီးရီးယားနိုင်ငံသားတွေလောက်တော့ ဆီးရီးယားကို သူတို့ချစ်မည်မဟုတ်ပါ။ ဒီလိုအဖြစ်မျိုး ကျွန်တော်တို့ မြန်မာနိင်ငံမှာ မမြင်တွေ့လိုတဲ့အတွက် သင်ခန်းစာ ယူနိုင်ရေး အသိပေး ရေးသားလိုက်ရပါတယ်။ 

သန်းထွဋ်ဦး 
အမရပူရ

No comments: