Tuesday, September 17, 2013

ယုဇနပလာဇာတွင် ဝန်ထမ်းတစ်ဦးအား ပရလောကသား ဝင်ပူးပြီး နေရာ ထိုင်ခင်းတောင်းဟု ဆရာတော်မိန့်ကြား

Tuesday, 17 September 2013 

ယုဇန ပလာဇာတွင် တရားနာနေသည့် အမျိုးသမီးတစ်ဦးကို ပရလောက သားတစ်ဦးက ဝင်ရောက်ပူးကပ် ပြီး နေရာတောင်းခဲ့ကြောင်း အဆိုပါပဋ္ဌာန်းတရားပွဲကို ဦးဆောင် ပြုလုပ်ပေးခဲ့သည့် နတ်မောက် ကျောင်း တိုက် ဆရာတော်ထံမှသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာ ခုနစ်လွှာ တွင် စက်တင်ဘာ ၈ရက်မှ ၁၂ ရက်အထိပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ နောက် ဆုံး နေ့ တွင် တရားပွဲ အပြီး ကမ္မဝါရွတ် ချိန်၌ ရေစက်ချအမျှဝေမည့် ဈေးသူ၊ ဈေးသားများထဲမှ တရားနာ နေသည့် အမျိုးသမီးတစ်ဦးကို ပရလောကသားက ဝင်ရောက် ပူးကပ်ပြီး ယုဇနပလာဇာတွင် နေထိုင်ရန် အတွက် နေရာတောင်းခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါတရားပွဲတွင် ကမ္မဝါရွတ်ဖတ်ခဲ့သည့် နတ်မောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုသလထံမှ သိရသည်။

''တရားပွဲလုပ်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦး ဖြတ်သွားဖြတ် လာလုပ်တာတွေ့နေတယ်။ ဘုန်း ကြီးတို့ တရား ပွဲပြီးလို့ ကမ္မဝါမဖတ်ခင် အမိန့်ပြန်တမ်းသဘောမျိုး ရေစက်ချအမျှဝေပွဲကိုဖိတ်တဲ့ အချိန်မှာ စပြီးဝင်လာတာ ပဲ။ ပထမ ဘာဖြစ် မှန်း မသိဘူး။ နောက်မှ သိလို့ခေါ်တော့ ဘုန်းကြီးဆီကို လာတယ်။ လက်အုပ်ချီတယ်။ ဒါ ပေမဲ့ မကန်တော့ဘူး''ဟု ဆရာတော် ကဖြစ်စဉ်ကို မိန့်ကြားသည်။ မွန်းလွဲ ၁နာရီဝန်းကျင်တွင် တရားလာ ရောက်နာယူသည့် ဈေးရုံအောက်ဆုံးထပ် အထည်ဆိုင်မှ အမျိုးသမီးတစ်ဦးကို ဝင်ရောက်ပူးကပ်ခဲ့ခြင်းဖြစ်ပြီး ဆရာ တော်များ ကမ္မဝါဖတ်ချိန်တစ်လျှောက်လုံး ပရလောကသားပူး ဝင်နေသည့်အမျိုးသမီးသည် ငို နေကာ ကမ္မဝါပြီးဆုံးချိန်တွင် သာဓုမခေါ်ဘဲ ကျယ်လောင်သည့် အသံများ ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဋ္ဌာန်းရွတပေးသည့် နတ် မောက်ကျောင်းတိုက်မှ ဆရာ တော်အပါအဝင် သံဃာ၁၁ပါး အနက်မှ ဦးပဉ္ဇင်း တစ်ပါးက ''အ သံကြီးက 'ဝူးဝူးဝါးဝါး'နဲ့ ဘယ်လို မှန်းကိုမသိဘူး။ သာမန်လူတွေ ထက်အများကြီးကျယ်တဲ့ အသံ နဲ့အော်တာ''ဟု တွေ့ကြုံခဲ့ရမှုကို မိန့်ကြားသည်။ ယင်းဖြစ်ရပ်တွင် ဝင်ရောက် ပူးကပ်ခဲ့သည့် ပရလော ကသား က ယင်းသည် ယခုတရားပွဲပြုလုပ် သည့် ခုနစ်လွှာတွင်နေထိုင်ကြောင်း၊ အပေါ်ဆုံးအလွှာတွင် နောက်ထပ် ငါးဦးရှိကြောင်း၊ ယင်းအနေဖြင့် ယုဇနပလာဇာတွင် ဆက်လက် နေထိုင်လိုသည့်အတွက် နှင်မ ထုတ်ရန် ဆရာတော်ကိုတောင်းဆိုခဲ့ကြောင်း သိရသည်။

နတ်မောက်ဆရာတော်က ''သူကနေထိုင်ခွင့် ဆက်ပေးဖို့ တောင်းဆိုချိန်မှာ ဈေးတာဝန်ခံကိုမေးပြီး သဘော တူညီမှုရတဲ့အတွက်ဆက်နေဖို့၊ ဈေးမှာအနှောင့် အယှက်မပြုဖို့၊ နှောင့်ယှက်ရင် ထွက်ခွာရမယ်ဆိုတာတွေ မှာတော့ ခေါင်းညိတ်ပြီးလက်ခံတယ်။ နောက်တော့ တရားပွဲလုပ်တဲ့နေရာကနေ နောက်ပြန်ဖင်တရွတ်တိုက် သွားပြီးသူနေတဲ့နေရာလောက်မှာ အပူးခံရတဲ့အမျိုးသမီးလေးက မူးလဲသွားတယ်။ သတိရလာတော့ သူ့ကို လူတွေဝိုင်းကြည့်နေတာကြည့်ပြီး သူလဲကြောင်နေတာပေါ့။သူက ဘာမှမသိဘူး''ဟု ဖြစ်ပျက်ပုံကို မိန့်ကြား သည်။ ယခုဖြစ်ရပ်သည် ဆရာတော်အနေဖြင့် ပထမဆုံးကြုံရသည့်မဟုတ်ဘဲ မင်္ဂလာဈေးသစ်တည်ဆောက် ချိန်ကလည်း ပထမဆုံးတရားပွဲတွင် ကြုံခဲ့ဖူးကြောင်း၊ယခုကဲ့သို့ ကြမ်းတမ်းသည့်အမူအရာများကို ထိုအချိန် က မကြုံခဲ့ရကြောင်း မိန့်ကြားသည်။

နတ်မောက်ဆရာတော်က ''ဘုန်းကြီးတို့ ရေစက်ချ၊ ကမ္မဝါ ဖတ်ဖို့ အမိန့်ကြေညာချိန်မှာ အပေါ်ဆုံးထပ်မှာဆို ရင် တိုက်ပေါ် မှာကလေးတွေဘောကန်နေသလို တဝုန်းဝုန်းနဲ့ ပြေးနေတဲ့အသံတွေ လဲကြားခဲ့ရတယ်''ဟု မိန့်ကြားသည်။ အဆိုပါအမျိုးသမီးကို ဝင် ရောက်ပူးကပ်ချိန်တွင် တရားလာရောက်နာယူသည့် ပရိသတ်သုံး ပုံ နှစ်ပုံလောက်က ကြောက်လန့်ထပြေးကြကြောင်း၊ ပရလောကသား ပူးကပ်ခံရသူသည် နာရီဝက်ခန့် ထိုင်ပြီး တရားပွဲကိုနာယူခဲ့ကြောင်း ဈေးထဲမှတရားနာခဲ့သူများထံမှ သိရသည်။ ဆရာတော်က ယခုဖြစ်ရပ် ဖြစ်ပေါ်ခဲ့သော်လည်း ဈေးသူဈေးသားများအနေဖြင့် ကြောက်ရွံ့မှု မဖြစ်ကြရန်နှင့် နေထိုင်စရာအခက်အခဲဖြစ် ပေါ်နေသည့်အတွက် အကူအညီတောင်းခံခြင်းဖြစ်ပြီး ဈေးသူ၊ဈေးသားများကိုနှောင့်ယှက်နိုင်ခြင်း မရှိ ကြောင်း မိန့်ကြားသည်။

''ဒီလိုဖြစ်ရပ်က အခုမှကြုံ ဖူးပေမယ့် ဒီသရဲဆိုတာ တကယ် ရှိတယ်ဆိုတာ ဘာသာရေးအရအရင်က တည်းကသိပြီးသားပဲ။ အခုက ဝင်ပူးပြီး နေစရာတောင်းတာပါ။ ဆရာတော်တွေကလဲ ခုနစ်လွှာမှာ ကောင်း မွန်စွာနေဖို့ မှာပြီးပေးလိုက်ပါတယ်။ ထူးဆန်း ပေမယ့် သရဲဆိုတာတကယ်ရှိနေတယ်''ဟု ယင်းဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဝတ်အထည်အရောင်းဆိုင်တစ်ခုမှ ဆိုင်ရှင်ကပြောသည်။ 


အဆိုပါယုဇနပလာဇာတွင် ညဘက်တာဝန်ကျ လုံခြုံရေးဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်း များကိုပူးကပ် ပြီး နေရာတောင်း ခြင်း၊ စကားပြောခြင်းဖြစ်ရပ်များ ရှိခဲ့ဖူးပြီး ယခုကဲ့သို့ အများသူငါ ရှိနေသည့် တရားပွဲ တစ်ခုတွင် ဝင် ရောက်ပူးကပ်ပြီးနေရာတောင်းခြင်းသည် ပထမဆုံးဖြစ်ရပ်ဖြစ်ကြောင်း ယုဇနပလာဇာ
မြေညီထပ်ရှိ ဆိုင်ခန်းရှင်တချို့က ပြောသည်။

ရေစက်ချပွဲကိုတက်ရောက် ခဲ့သည့် မြေညီထပ်ဆိုင်ခန်းတစ်ခု မှ ဈေးဆိုင်ပိုင်ရှင်က ''အမျိုးသမီးကို ပူးကပ်ပြီး နေရာတောင်းတာ ရေစက်ချပွဲပြုလုပ်ပေးနေတဲ့ ဆရာတော်က သူတို့ကို ခုနစ်လွှာမှာနေဖို့ နေရာပေးလိုက်မှ ထွက်သွားတယ်''ဟု ဖြစ်ရပ်ကိုပြောသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်အချက် အလက်များကို သိရှိနိုင်ရန်အတွက် ပဋ္ဌာန်းပွဲကို တာဝန်ယူဆောင်ရွက်သည့် ဈေးတာဝန်ခံရုံးကို သွားရောက် စုံစမ်းခဲ့သော်လည်း တာဝန် ကျဈေးတာဝန်ခံများက အသေး စိတ်ဖြေကြားလိုခြင်းမရှိဘဲ ဈေး တာဝန်ခံရုံး၏ ပြောကြားနိုင်မည့်ပုဂ္ဂိုလ် ရုံးပြန်တက်မည့်နောက် တစ်ရက်ကိုသာ ပြန်လည်ချိန်းဆိုခဲ့သည်။

ယုဇနပလာဇာဒုတိယထပ် ရှိဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူတစ်ဦးက ''သရဲခြောက်လို့ ပရိတ် ရွတ်တာမဟုတ် ပါဘူး။ ပထမဆုံးဆိုပေမယ့် ပုံမှန်အတိုင်းပဋ္ဌာန်း ပွဲကျင်းပတာပါ။ သရဲပူးကပ်မှုဖြစ် စဉ်တွေက အမှန်ဖြစ်ခဲ့ပေ မယ့် အသေးစိတ်ကို ပြောခွင့်မရှိတဲ့အတွက် နောက်ရက်ဈေးတာဝန်ခံ လာမှ လာခဲ့ပါ''ဟု ပြောသည်။
 

Yangon Media Group

No comments: