Tuesday, 17 September 2013
ဆီးရီးယားနိုင်ငံမှာ သူပုန်တွေကို နှိမ်နင်းဖို့ ဆာရင် ဓါတ်ငွေ့ ပါတဲ့ ဓါတုလက်နက်တွေအသုံးချခဲ့တယ်ဆိုတာ အတိအလင်းတွေ့ရှိခဲ့တယ်လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း က အတည်ပြု ပြောကြားခဲ့ ပါတယ်။
သြဂုတ်လ ဒမတ်စ္စကတ် မြို့တော် တိုက်ခိုက်ပွဲမှာ ဆာရင် ဓါတ်ငွေ့ ပါတဲ့ ဓါတု လက်နက်တွေ အသုံးချခဲ့တယ် ဆိုတာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ စစ်ဆေးရေးမှူးတွေက သက်သေအထောက်အထား တွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။
ရရှိခဲ့တဲ့တွေ့ရှိချက်တွေဟာ လုံးဝကိုငြင်းပယ်လို့မရနိုင်လောက်တဲ့ ခိုင်လုံတဲ့ အထေက်အထားတွေ ဖြစ်တယ် လို့လဲ ဆိုပါတယ်။
ထိခိုက်ခဲ့သူ တွေ ရဲ့ သွေးတွေ ကို ဓါတ်ခွဲစမ်းသပ် စစ်ကြည့်တဲ့ အခါမှာ ဆာရင် ဓါတ် ၈၅% ပါ ရှိ နေတာ ကို တွေ့ရှိခဲ့ပြီး၊ ပတ်ဝန်းကျင်လေထု စစ်ဆေးမှုအတွက် ပြုလုပ်တဲ့ နမူနာတွေမှာလဲ ဆာရင်ဓါတ်တွေ သေချာ ပေါက် ပါဝင်တယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ABC

No comments:
Post a Comment