Tuesday, September 17, 2013

သေစေလောက်အောင် အန္တရာယ်မရှိတဲ့ ဓာတုလက်နက် ဆီးရီးယား အတိုက်အခံကိုပေးမည်

Tuesday, 17 September 2013 
လူကို သေစေလောက်အောင် အန္တရာယ်မရှိတဲ့ ဓာတုလက်နက်ပစ္စည်းတချို့ကို ဆီးရီးယားအတိုက်ခံတွေ လက်ထဲထောက်ပံ့ဖို့ သမ္မတ အိုဘားမားက အုပ်ချုပ်ရေးအမိန့်တရပ် တနင်္လာနေ့မှာ လက်မှတ်ရေးထိုး လိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

ဒီအမိန့်ထဲမှာ သီးသန့်ရွေးချယ်ထားတဲ့ ဆီးရီးယားအတိုက်ခံတွေကို သင်တန်းပေးရေးပါဝင်ပြီး အဲ့ဒီမှာ မိမိကိုယ်ကို ကာကွယ်ရေးပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဒါတွေကို ဆီးရီးယားမှာရှိတဲ့ နိုင်ငံတကာ အကူ အညီပေးရေး အဖွဲ့တွေကိုပါ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား လက်မှတ်ရေးထိုးတဲ့ ဆုံးဖြတ်ချက် ထွက်လာရတာဟာ ဆီးရီးယားကို သွားရောက် စစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာပေါ် အခြေခံခဲ့တာပါ။ အဲဒီကော်မရှင်က ဆီးရီးယား စစ်တပ်ဟာ လူတွေကို သေစေတဲ့ Sarin အဆိပ်ဓာတ်ငွေ့ကို ဒမတ်စ်ကတ်မြို့နားက ဓာတုလက်နက် တိုက်ခိုက်မှုမှာ ပမာဏ အမြောက်အများ သုံးခဲ့တယ်ဆိုတာ ရှင်းလင်းပြီး ယုံကြည်ရလောက်တဲ့ အထောက် ထားတွေ တွေ့ထားတယ်လို့ပြောလိုက်ပါတယ်။

အဲဒီမှာ လူပေါင်း ၁၄၀၀ သေဆုံးခဲ့ရတယ်လို့ အိုဘားမားအစိုးရက ပြောထားခဲ့တာပါ။ အခုအစီရင်ခံစာက တော့ ဒီသြဂုတ် ၂၁ ရက်နေ့က Ghouta မြို့ ဆင်ဖြေဖုံး တိုက်ခိုက်မှုကို ဘယ်သူဘယ်ဝါ ပြုလုပ်တယ်ဆိုတာ အတိအကျဖော်ပြထားခြင်း မရှိပါဘူး။

ဒါပေမဲ့ သမ္မတအိုဘားမားနဲ့ ကျန်အနောက်နိုင်ငံ ခေါင်းဆောင်တွေကတော့ အထောက်အထားတွေ ကိုးကား ပြီး ဒီတိုက်ခိုက်မှုဟာ သမ္မတ ဘာရှာ-အယ်လ်-အာဆတ် ကို သစ္စာခံသူတွေက တိုက်ခိုက်တယ်လို့ စွပ်စွဲထား ပါတယ်။ သမ္မတအာဆတ် အစိုးရကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အဆိပ်လက်နက်တွေ အများအပြားသုံးစွဲခဲ့တယ်ဆိုတာ ကို အတည်ပြု ပြောကြားထားပါတယ်။

VOA

No comments: