Friday, September 6, 2013
နေ့စဉ်လူဦးရေတစ်သိန်းကျော်အသုံးပြုလာသည့်ရန်ကုန်မြို့ပတ်ရထားအစင်း၂၀၀တွင်၁၀ရာခိုင်နှုန်းခန့်မှာအချိန်မှန်မထွက်နိုင်ကြောင်းရန်ကုန်ဘူတာကြီးမှသိရသည်။
ရန်ကုန်မြို့၏ယာဉ်ကြောကျပ်တည်းမှုကြောင့် အသုံးပြုမှုနည်းပါးသောမြို့ပတ်ရထား၏ လူစီးနှုန်းအနေအထားမှာ ပြန်လည်အသက်ဝင်မြင့်တက်လာသော်လည်း ပြေးဆွဲနေသော ရထားများထဲမှ အစင်း၂၀ခန့်မှာနေ့စဉ် အချိန်ပြောင်း ပြေးဆွဲနေရသည်။
ယင်းသို့ဖြစ်ပေါ်ရခြင်းမှာရထားများဖြစ်ကြောင်း တစ်ခါတစ်ရံတွင် ရထားလမ်းပေါ်တွင် ဖြစ်ပွားနေသော မှုခင်း အခြေအနေများကြောင့်ထွက်ရှိမှုကိုလွှဲပြောင်းပြေးဆွဲရကြောင်းရန်ကုန်ဘူတာကြီးမှတာဝန်ရှိသူက ဆိုသည်။

ရန်ကုန်ဘူတာကြီးမှဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ''ကျွန်တော်တို့ အနေနဲ့က အတတ်နိုင်ဆုံး သတ်မှတ်ချိန်ကို ထွက်နိုင်အောင်တော့လုပ်ဆောင်ပါတယ်။လွဲချော်မှုတွေကတော့ကြုံတာပါပဲ။ဘယ်နိုင်ငံပဲဖြစ်ဖြစ်တော့အချိန်နဲ့ တစ်ပြေးညီထွက်နိုင်တယ် ဆိုတာတော့ ရှားပါတယ်'' ဟု ပြောကြားသည်။ သို့သော် ယင်းအခက်အခဲကို ဖြေရှင်းရာတွင်နိုင်ငံတကာနှင့်ယှဉ်နိုင်ခြင်းမရှိသေးကြောင်း၊ရန်ကုန်မြို့ပတ်ရထားများတွင်အချိန်ရွှေ့ပြောင်းရမှုမှာနာရီဝက်ခန့် ကြာမြင့်တတ်ကြောင်းဦးရဲလွင်ကပြောကြားသည်။ ''ကျွန်တော်တို့ လက်ရှိအနေအထားနဲ့ ကတော့ နိုင်ငံတကာကို ဘယ်လိုမှ မယှဉ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဖြစ်လာအောင်တော့ ကြိုးစားဆောင်ရွက် နေရပါတယ်။နိုင်ငံတကာမှာတစ်မိနစ်လောက်ကြာပေမယ့်ကျွန်တော်တို့ ဆီမှာတော့နာရီဝက်လောက်တော့ ကြာနေပါတယ်''ဟု ဦးရဲလွင်က ဆိုသည်။
ရန်ကုန်မြို့ပတ်ရထားစနစ်များအပါအ၀င်မြန်မာတစ်နိုင်ငံလုံး၏လမ်းအနေအထားများအားပြုပြင်အဆင့်မြှင့်တင်ရန်ဂျပန်နိုင်ငံနှင့်၂၀၁၂ခုနှစ်နှစ်ကုန်ပိုင်းမှစ၍သဘောတူညီချက်ရရှိထားသည့်အပြင်အချို့နေရာများတင် စတင်နိုင်နေပြီ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား အစင်း ၂၀၀အသုံးပြုနေမှုအားထပ်မံတိုးမြှင့်သွားရန်ရှိသည့်အပြင်မြို့တစ်ပတ်ပြေးဆွဲရာတွင်သုံးနာရီကြာမြင့်နေမှုကို လျော့ချသွားရန် စီစဉ်နေပြီ ဖြစ်သည်။
ယင်းအပြင် ရထားများ၏ အဆင့်မြှင့်တင် မှုများကို ပြုလုပ်နေပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE မြို့ပတ်ရထားအားပြေးဆွဲရန်ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။
eleven media group

No comments:
Post a Comment