Friday, September 06, 2013

လက်မှတ် တစ်စောင်ဝယ်လျှင် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် နှစ်ပွဲ ကြည့်ခွင့်ရမည်


Friday, September 6, 2013


အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ လက်မှတ်တစ်စောင်လျှင် ပွဲစဉ် ၂ ပွဲ ကြည့်ရှုခွင့် ရမည်ဖြစ်သည်။

”တစ်ရက်ကို နှစ်ပွဲနှုန်း ကျင်းပမှာ ဖြစ်တဲ့ အတွက် လက်မှတ် တစ်စောင်ကို နှစ်ပွဲနှုန်း ကြည့်ခွင့်ပေးတာပါ။ လက်မှတ် တွေကိုတော့ ပြိုင်ပွဲ မစခင် ၂ ရက်အလို မှာ ရောင်း ချပေး သွားမှာပါ” ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို ယခုလ ၉ ရက်နေ့တွင် သုဝဏ္ဏ အားကစားကွင်း၌ စတင် ကျင်းပမည် ဖြစ်ပြီး ကွင်းဝင်ကြေး အဖြစ် ရိုးရိုး တန်း ကျပ် ၁ဝဝဝ၊ အထူးတန်း ကျပ် ၂ဝဝဝ သတ်မှတ်ထား ကြောင်း ကြို တင်လက် မှတ်များကို MFF ရုံးချုပ်တွင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရ သည်။

”ရုပ်သံအနေနဲ့ MRTV – 4 ကနေ တိုက်ရိုက်ပြသသွားဖို့ စီစဉ်ထားပါတယ်။ ပြိုင်ပွဲ အားလုံးပြသပေးသွားမှာ ပါ”ဟု ၄င်းက ဆက်ပြောသည်။

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အမျိုးသမီး အသင်းသည် အုပ်စု (ခ)တွင် အင်ဒိုနီး ရှား၊ လာအို၊ ဂျပန် ယူ-၂၃၊ ဖိလစ်ပိုင် အသင်း တို့နှင့် ယှဉ်ပြိုင် သွားရမည် ဖြစ်ပြီး အုပ်စု (က)တွင် ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျ၊ ယူ -၁၉ မလေးရှား၊ ဂျော်ဒန် အသင်းများ ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ အမျိုးသမီး အသင်းသည် ပြိုင်ပွဲ အတွက် လေ့ကျင့်မှု များ ပြုလုပ်လျက် ရှိပြီး အပြီးသတ် လူစာရင်းကို ယခုလ ၅ ရက်နေ့ က ရွေးချယ် ပြီး AFF Women’s AYA Bank Championship 2013
ပြိုင်ပွဲကို အာဆီယံ ဘောလုံး အဖွဲ့ချုပ် AFF နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် MFF တို့မှ ပူးပေါင်း ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

No comments: