Friday, September 20, 2013
Miss Tourism Queen International ပြိုင်ပွဲသွားမယ့် မြန်မာ့မော်ဒယ်က ခင်လှပြည့်ဇော် ဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ ပြိုင်ပွဲအတွက် သဘက်ခါ တနင်္ဂနွေနေ့ တရုတ်နိုင်ငံ Xianning မြို့ကို အရောက် သွားပြိုင်ရပါမယ်တဲ့။
ဒီကနေ့မနက် မော်ဒယ် ခင်လှပြည့်ဇော်နဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ပါတယ်။
"Stars & Models Int'l မှ နုပျိုလတ်ဆတ်သော စူပါမော်ဒယ် အယောက် (၃၀)၏ ဓာတ်ပုံများကို ပြိုင်ပွဲ ကျင်း ပသည့် Organizer ထံ ပို့ပြီး ရွေးချယ်မှု" ပြုခဲ့တယ်လို့ မိတ်ဆက်ပွဲမှာ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ရေး
ထားပါတယ်။
ခင်လှပြည့်ဇော် က အသက် ၁၈ နှစ် ပြည့်ပြီးပြီ၊ တက္ကသိုလ်ကျောင်းသူဖြစ်တယ်၊ "နောင်ကိုလည်း နိုင်ငံ တကာသို့ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်" လို့ ရေးထားတာ တွေ့ရပါတယ်။
ခင်လှပြည့်ဇော်က ကိုရီးယားမှာကျင်းပခဲ့တဲ့ Asia New Star Models Contact 2012 မှာ သွားပြိုင်ခဲ့ဖူးပါ တယ်တဲ့။
ဧရာဝတီblog
No comments:
Post a Comment